“အချစ်”
ပွင့်ဖတ်လို မနုဘူး..
အဖူးလို မငုံဘူး..
ဝတ်ဆံမှုန် မဖွာဘူး..
ရနံ့သင်း မဖြာဘူး..
ရိုးတံလည်း မပင့်ဘူး
ဆူးမာန်လည်း မ၀င့်ဘူး
.....................
ရေ၊မြေ၊လေ
သုံးပါးလွတ်
ခူးဆွတ်သူ ရှိမှ
ပုံပမာခိုင်းနှိုင်း
တောင်ဝင်ဆိုင်းနဲ့ ပင့်တဲ့ပန်း.......
ရင်ခွင်နန်းတော် ထဲမယ်
ပွင့်သည်..............။
မှူးဒါရီ
1 comment:
ဒီကဗျာလေး နန်းဆန်တယ် ။ ကြိုက်တယ်ဗျ အစ်မ ။ :)
စာသားလေးတွေ နုတယ် ။ တိုတိုနဲ့  လှတယ် ။
Post a Comment