Tuesday, January 5, 2010

“တယ်လီဖုန်း”

နံပါတ် ၁၁လုံးနဲ့
အကြောင်းရှာနေတဲ့ နှလုံးသားက
ချစ်သူ နှုတ်ခမ်းဖျားတွေထံ ဖုန်းခေါ်တယ်..

မူပိုင်ခွင့်မရှိတဲ့
အလွမ်းကို တထစ်လျှော့...
သတိရ ရ နေတယ် ဆိုပါတော့...မောင်

အသံဩ လေးက
အာရုံကို အမြဲ ပျော့ပျောင်းသွားစေနိုင်တုန်း တယောထိုးသံ.............................၊
သွေးကြောမျှင်များထိ ထိုးဖောက် ရှိန်းဖိန်းလွန်းခဲ့............၊
ဟယ်လို ထူးသံလေးက အစ ချစ်တယ်...........။

မှူးဒါရီ

မှတ်ချက်။ ။ ရေးထားတာတော့ ကြာခဲ့ပြီ။း) ဒါကြောင့် အဟောင်းအမျှဉ်းလေးဆိုလည်း မမှားပါဘူး။

2 comments:

ကိုရင်နော်ခင်လေးငယ် said...

မှုးမှုးရေ...

ဘာလို့ အမှန်တွေ ရေးရတာလဲကွယ်..
ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ...
ဟယ်လို...ထူးသံလေးက အစ......တဲ့လား...!!

ခင်မင်စွာချစ်ခြင်းအားဖြင့်

သက်ထွန်းညိမ်း said...

ဟယ်လိုထူးသံလေးကအစ ချစ်တယ်
လှလိုက်တာ