Friday, July 9, 2010

“အဆိပ်”

ဒီအချိန်မှာ
ဘာကိုမှ ဖမ်းမမိဘူး

မသေသပ်တဲ့ အဖာအချုပ်တွေ ကနေ
တစိမ့်စိမ့် ...
မပြေလည်သေးတဲ့ အစိုင်အခဲတွေ ကနေ
တစိမ့်စိမ့် ...
တနင့်တပိုး သောကတွေ ကနေ
တစိမ့်စိမ့် ...

ဘာမှကို မကြောက် ခဲ့ဖူး
အခု ကြောက်တယ်
ဖြစ်ပျက်လာမှာတွေကို ကြောက်တယ်
ပတ်သတ်လာမှာတွေကို ကြောက်တယ်
နောက်ကျောကနေ နာမည်လှမ်းခေါ် ခံရမှာတွေ ကြောက်တယ်
အကြောက်ကြီး ကြောက်နေတာတွေကို ကြောက်တယ်
ကိုယ့်ကိုယ်ကို ပြန် ကြောက်တယ်
လျှော်သွားမှာ ကိုလည်း ကြောက်တယ်

ဖြစ်နိုင်ရင်
ကိုယ့်လည်မျို ကိုယ် ဓားထောက်ထားချင်တယ်
ခဏခဏ မုန်းတယ်လို့ ပြောတာကိုလည်း ဓားထောက်ထားချင်တယ်
မကြားလိုက်နဲ့ ၊ ကြားလိုက်ရုံနဲ့ ကြောက်စိတ်ဝင်လာတာကိုလည်း ဓားထောက်ထားချင်တယ်

စာနာတတ်ရင်
ပြီးပါပြီ လို့
လွယ်လွယ် ပွဲ သိမ်း ပေး ရုံ
စာနာခဲ့ရင်
မိုက်မဲခြင်းတွေအတွက်
အနာတရ ဖြစ်ခဲ့တဲ့ တန်ဖိုးတွေကို
နောက်ထပ် မချိုး ဖဲ့ မိစေဖို့ ထိန်းချုပ်လိုက်ရုံ

တကယ်တမ်းကျ
မဖြစ်နိုင်မှန်း သိသိကြီး
ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်
ကျိန်စာ သင့်လို့.........................................................၊

မောပန်းနွမ်းနယ် နေတာကလွဲပြီး
ခုလောလောဆယ်
ဘာမှကို ဖမ်းမမိဘူး။။။။။။။။။။။။

မှူးဒါရီ

2 comments:

အိုင်လွယ်ပန် said...

ကဗျာတစ်ပုဒ်လုံးခံစားချက်တွေ ရှုပ်ထွေးနေတယ်
ထင်တယ် ..။
Same to u :)
I can't catch anything :)
Just a joke :)
Have a nice day :)

အရုပ်ကလေး said...

အဆိပ်မှိုင်းက တတိတိလှိုက်စားစေတာ
နိမိတ်အရိုင်းတွေတောင် ခုန်ပေါက်ပြေးထွက် ...
ဒီလိုနဲ့ ....ပြာဝေလာတာ ...
ဖမ်းဖို့ ဘာမှ မမြင်ရတော့ဘူး ..

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)