< မြိုချထားတဲ့ သက်တန့်တွေ >
အလကားရလို့
စိတ်ကူးနဲ့ ခဏခဏ ငါသေကြည့်မိတယ်
ငါသေသွားရင် ။
ငါသေသွားရင် အနှစ်(၃၀)လုံးလုံးဦးချခဲ့တဲ့
ငါ့ချစ်ခြင်းမေတ္တာအလန်းစားကြီးအရင်
လိုက်သေမှာပဲ
ငါသေသွားရင် စုဆောင်းခဲ့သမျှ
ငါ့နောက်မပါတာတွေလည်း ငါ့ညီမလေးက
စီမံပေးလိမ့်မယ် ။
ငါသေသွားရင် ငါသံယောဇဉ်ကြီးခဲ့တဲ့
ငါ့ရည်းစားအကောင်းစားလေးကိုလည်း
ငါ့ဈာပနာလာဖို့ ဖိတ်လိုက်ကြလေ ..
အသုဘတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ကုသိုလ်ကို သူအရယူပါစေ။
ငါသေသွားရင်
ငါသေသွားရင် ရတနာသုံးပါးအာရုံပြု
လှူခဲ့သမျှကုသိုလ်တွေအကြောင်း
ယမမင်းရှေ့ မှောက်မှာ ပြန်မှိတ်မိချင်တယ်
ငါသေသွားရင် ငါ့ခန္ဓာကို သံဝေဂနဲ့
သူတို့ ကြည့်တတ်ပါစေ
ငါသေသွားရင်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မွေးဖခင်ကို တရားပြပါ
ငါသေသွားရင်
ဘယ်ဘ၀ရောက်ရောက်
သံသရာခရီးလမ်းဆုံးဆီ ရည်မှန်း၊ လှမ်းလျှောက်သူဖြစ်ချင်တယ်
ငါသေသွားရင်
ငါသေသွားရင်လို့
စိတ်ကူးနဲ့ အစမ်းသေကြည့်မိတယ် မကြာခဏ၊
လောလောဆယ်တော့
ရောက်နေတဲ့အရပ်မှာ
သေခြင်းတရားအကြောင်းပြောရင်
စိုးရိမ်တကြီးနဲ့ အရူးတစ်ယောက်လို ငါ့ကိုကြည့်တယ်
အလှည့်ဆိုတာရောက်မလာမှာကြလို့
သတ္တိရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားချင်တာပါကွယ်
ကွေးသောလက်မဆန့်ခင်များ ငါသေသွားရင် ။
မှူးဒါရီ
၀၁/၀၂/၂၀၁၆
Sunday, January 31, 2016
Monday, January 18, 2016
My Diary My Soul
စာတွေအများကြီးရေးချင်တယ် ။ အခုချိန်မှာ ရေးသမျှကိုတော့ လိပ်ပြာသန့်စွာနဲ့ ကိုယ်ချမပြရဲဘူး။
ကိုယ့်စိတ်ဟာ တစ်ဝက်ဖြူ ၊ တစ်ဝက်မဲ နေတာ။ ကိုယ့်စာတွေဟာ အပြစ်မြင်၊ဘက်လိုက်တာများနေတာ .. ကိုယ်မနှစ်သက်ပေမယ့် ရွေးချယ်စရာ ကိုယ့်မှာမရှိဘူး။ သတိရမိတိုင်း အပြစ်ပြုသူလို ခံစားရတယ်။ ဘ၀ဆိုတာကို အရိုးသားဆုံး ဖြတ်သန်းခွင့်လေးပဲ ပေးစေချင်ပါတယ်။ သူစိမ်းတွေပျော်တာကိုတောင် ကိုယ်လိုက်ပျော်ပေးနိုင်ခဲ့တယ် ။ ကိုယ်ချစ်တဲ့သူပျော်တာကိုလည်း..အပြည့်အ၀ကျွန်တော်လိုက်ပျော်ပေးချင်တယ်။
မျှော်လင့်သလို၊ မျှော်လင့်တိုင်း ဖြစ်ရမယ်လို့ ကျွန်တော် လောဘမကြီးပါဘူး။ အချစ်က နက်ရှိုင်းလွန်းတယ်။
ကျွန်တော် ခုန်မချနိုင်ခဲ့ဘူးမလား..ကျွန်တော့်အသည်းနှလုံးကို ကျေနပ်တဲ့အထိ ရိုက်ပုတ်ပါ။ အနက်ရှိုင်းဆုံး ဒဏ်ရာတွေ ပေးပါ။ ပြီးရင်တော့ အဖြူစင်ဆုံး မုန်းမေ့ခွင့် ပေးပါ။ ဒီလို ဆုတောင်းချင်တယ် ။ဆုတောင်းတိုင်းဟာ တစ်ဝက်မှာ ရပ်သွားတယ်။ ကိုယ်အမြင်မှန်ရတယ်။ ဆုတောင်းနေလို့ မရဘူး။ လုပ်ယူမှ ရမယ်ဆိုတာ
တွေ။ ဆက်ပြီး ဆုမတောင်းချင်တော့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်ချင်ခဲ့တယ်။ ကိုယ်ဟန်မဆောင်တတ်ဘူး။ မုန်းနေတာကို မုန်းနေတယ်လို့ ကိုယ်ပြောမထွက်ဘူး။ ရေးပြီး သိမ်းထားခဲ့တဲ့ကိုယ့်အမုန်းတွေက ကိုယ့်ကို ကြက်သီးထစေတယ်။ အချစ်ကြီးလို့ အမျက်ကြီးရတာပါလို့ ကျွန်တော် မဖုံးကွယ်ချင်ဘူး။
ဟန်ဆောင်နေတယ်ဆိုရင်တောင် ဘယ်လောက်ထိ မသိဟန်ဆောင်နေနိုင်မှာလဲ။နှလုံးသားက တံခါးခေါက်တိုင်း၊ ဖုန်းဖုန်းဒိုင်းဒိုင်း ကိုယ်ပြန်ပစ်လဲတယ်။ ပြန်ထတယ်။ ကျွန်တော့်အပြစ်တွေကို ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော့်အချစ်တွေကိုလည်း ကျွန်တော်တာဝန်ယူရဦးမယ်။ ဘယ်လောက်ထိများ တိုးဝင် နက်ရှိုင်းခဲ့ရသလဲ။ ဒီအမှောင်ထဲက ထွက်ချင်တယ်။ ကျွန်တော်ပြေးတယ်။ အားသွန်ခွန်စိုက်ပြေးတယ်။ ကျွန်တော့်
မြင်ကွင်းထဲ မရောက်အောင် ဝေးလွန်းတဲ့ တစ်နေရာမှာ ထွက်ပေါက်ရှိလိမ့်မယ်။ နေရောင်ခြည်နွေးနွေး
လည်း ရှိလိမ့်မယ်။ ချစ်ခြင်း အပေါင်း မေတ္တာဖြစ်ခွင့်လည်း ရှိလိမ့်မယ်။ ကျွန်တော့်အချစ်ဟာ နောက်အချစ်တစ်ခုနဲ့ အစားထိုးလဲလှယ်ဖို့ မဟုတ်ဘူး။ လှိုင်းပုတ်ချက်တွေ ပြင်းလေလေ၊ ကြံ့ကြံ့ခိုင်လေဆိုတဲ့ ကျောက်ဆောင်မျိုးသာ ကျွန်တော့အချစ်ပဲ။ ကျွန်တော့်အနာကို သဘာဝအတိုင်းပဲ ကျက်သွားစေချင်တယ်။ ကျွန်တော့်အနာအတွက် အချိန်ကာလတစ်ခုပဲ ကျွန်တော့်ကိုပေးပါ ။ ကိုယ့်အနာကို သူများလျှာနဲ့လာလျက်ပေးတဲ့ သာယာကြည်နှူးမှုမျိုး ကျွန်တော့်အတွက် မလိုအပ်ဘူး။ အခုနေ စင်္ကာပူစံတော်ချိန် မနက် (၇)နာ၇ီ (၄၅)မိနစ်။ ဆွဲအားတစ်ခုခုကြောင့် ကိုယ်နိုးလာတယ်။ မတွေးသင့်တဲ့ လူ၂ယောက်အကြောင်းတွေးတယ်။ နာနာမေတ္တာပို့ရင်းကပဲ
မျက်ရည်တွေတွေကျတယ်။ ဒီစာကို ကျွန်တော်ချရေးတယ်။ ကိုယ်တိုင်ရွးချယ်ခဲ့တဲ့လမ်းမို့
ကျွန်တော့်မျက်ရည်တွေကိုလည်း ကျွန်တော်အပြည့်အ၀တာဝန်ယူရမယ် ။ နောင်တကို ကျွန်တော်ပြန်အမ်းလိုက်ပါရစေ။ ရင်ဘတ်ထဲမှာလည်း ရှိနေတယ် ။အသည်းနင့်အောင် ချစ်ခဲ့တယ်။ ဘယ်လို စိတ်ထားမျိုးနဲ့ ခုလိုအချိန်တိုတိုလေးအတွင်းမှာ နောက်တစ်ယောက်ရင်ခွင်ထဲကို ကျွန်တော်ဝင်တိုးနိုင်မှာလဲ။ သူ့ အချစ်တွေကို အလေးထားသောအားဖြင့် ကျွန်တော်အားနာတယ်။ ဘ၀မှာ ကိုယ့်ကိုယ်ကို လိမ်ညာလှည့်ဖြားခြင်းမှ ထာဝရကင်းလွတ်ခွင့်တော့ ကျွန်တော်အပိုင်ရထားပါသေးတယ် မဟုတ်လား ။
မှူးဒါရီ
မနက် ၀၇း၄၅
၁၉။၀၁။၂၀၁၆
Sunday, January 17, 2016
My Diary
Silent.
A tightly sealed door.
Broken Bones.
Liar.
06:55am
01/18/2016
A tightly sealed door.
Broken Bones.
Liar.
06:55am
01/18/2016
Thursday, December 24, 2015
တကယ်တော့
၁..
(တကယ်တော့)
အားလုံးဟာ
ကယောင်ခြောက်ခြားနဲ့
ဘယ်နားဝတ်ရမှန်း မသိဘူးပြောခဲ့တဲ့
အနွေးထည်လေး အသုံးဝင်ရှာတယ် ။
၂.
ကောင်းကင်ကြီးကျယ်တယ်
ကြယ်တွေများလွန်းတယ်
မင်းဖြည့်လိုက်တဲ့ နေရာအလွတ်လေးဟာ
ဘာများ အပြစ်ရှိခဲ့လဲ ..။
၃.
မီးလောင်ပြာကျသွားစေချင်တယ်
အနွေးဓာတ်လေးနဲ့ မင်းကြားမှာ
ငါ့ချစ်သက်လက်ဆောင်တွေ ခြားနေတယ်။
၎.
မနေ့ကနဲ့
ဒီကနေ့ ကွာဟချက်က
ကိုယ်နားလည်ခဲ့ရတဲ့
၂ကျပ်ကွက်တွေ။
၅.
မျက်ရည်ဆိုတာ
နှလုံးအိမ်က စိမ့်ယိုထွက်သော သွေး
စိတ်အနာကို ဆေးတယ်
၆..
မင်းထင်သလောက် ကြောက်စရာမကောင်းဘူး
အစွမ်းမထက်ဘူး။
မှူးဒါရီ
Wednesday, December 23, 2015
ငါ့ရဲ့  စိတ်
09:10AM
24th Dec,2015
ငြိမ်းချမ်းပါစေတော့
စိတ်ထဲမှာ ဘုရားတည်မယ်
နောက်ဆုံးအချစ် ဖြစ်ပါစေ/ မင်းတွေ့ပါစေ
ငါ့လိုဒုက္ခ မင်းဝေးပါစေ ။
မှူး
Subscribe to:
Posts (Atom)