Wednesday, March 26, 2008

“၀န်ခံခြင်း”

မင်းနဲ့ ငါ

ဖြစ်ပါ့မလား

အချိန်ကုန်ခံ

တွေးမနေနဲ့။

အဲဒါ အရေးမကြီးဖူး။

လမ်းမှာတွေ့ရင်

နှုတ်ဆက်..

မတွေ့ဖြစ်တော့လည်း

အပြုံးမပျက်ကြေး။

ဘာဖြစ်သေးလဲ?

ဒါနဲ့

ငါ့စာသားတွေ

မင်းပါး ကို

ခိုးနမ်းသွားလို့လား???

မနေ့ညက

မင်းမူတွေ သိပ်ပျက်

အိပ်မက်ကလေး…

ငေးမနေနဲ့

သေချာတယ်…

ဒီ ကဗျာလဲပဲ

မင်းကို ရည်စူးတာ။

မှူးဒါရီ


No comments: