Monday, May 26, 2008

“နှစ်သိမ့်ခွင့် ပေးပါ”

မင်းကိုမြင်ရတိုင်း

ဘာမှ မဆိုင်သလို နေပေးရတာ ၊

ကြာတော့...

မသေဖူးသေးတဲ့ ရင်ဘတ်က

ခဏခဏ ကြိုးပြတ်တယ်။

အသံတွေ ခပ်ကြောင်ကြောင်ထွက်လာမှာ

သိနေရက်နဲ့

လက်ချောင်းနုတွေနဲ့ ဖိပြီး

တစ်နေ့မှာ ငါလည်း...သေသပ်လှပစွာ

မင်းရင်ဘတ်နဲ့ ဂစ်တာတီးခွင့်ရချင်တယ်။

မျှဝေစရာများတဲ့ မျက်လုံးတစ်စုံနဲ့

တင်းမာအောင်စေ့နေတဲ့ နှုတ်ခမ်းပါးက...

ဘယ်လိုမှ မအပ်စပ်ဘူးကွာ

ကျေးဇူးပြုပြီး...

Rockerတစ်ယောက်လို ဟစ်အော်

ပေါက်ကွဲလိုက်စမ်း...!!!!!

သူငယ်ချင်း...

မင်းလည်း သိပါတယ်။

သီချင်းများက သူတို့ရာသီလွန်သွားလဲ

ဘယ်တော့မှ မပုပ်သိုးဖူး....

အချစ်ကသာ လက်ခံသူမရှိတဲ့တစ်နေ့မှာ

ရေပေါ် အရုပ်ဆွဲ သလိုမျိုး

ဘ၀တစ်ဆုံး နစ်မွန်းစေလိမ့်မယ်။

အမည်းစက်စွန်းထင်းနေတဲ့ အတိတ်ကို

ပုဒ်မ ချလိုက်တော့...။

ခုမင်းဘေးမှာ ငါရှိနေပြီပဲ။

မှူးဒါရီ

1 comment:

မောင်မျိုး said...

တင်းမာအောင်စေ့နေတဲ့ နှုတ်ခမ်းပါးက...
Rockerတစ်ယောက်လို ဟစ်အော်
ပေါက်ကွဲလိုက်စမ်း ဟုတ်တယ် တစ်ခါခါတော့ နှုတ်ခမ်းပါးတွေ ရဲ့ အလိုတော်အတိုင်း အော်ပစ်လိုက်သင့်တယ် ။
ကဗျာလေးကောင်းတယ် မှူးဒါရီရေ့ ခံစားချက်တွေကို အားပေးနေပါတယ် ။