ပန်းတွေအဆုပ်လိုက် ကြွေကျခဲ့ရတယ်။
တစ်ကယ် ငါမထင်မှတ်ပဲ
အသည်းကို ခွဲသွားခဲ့သူတွေ
နှုတ်မဆက်ပဲ ရုတ်ကနဲ
ငါ့အပါးက ထွက်ခွာ
ကျန်ရစ်ခဲ့ရသူက ပိုရင်နာရတယ်လေ။
မငိုချင် ပေမယ့်
အပူရုပ်ကို ဟန်လုပ်ပြီး
ငါ မပြုံးနိုင်ခဲ့ဘူး။
သူများ တကာတွေကို
နှစ်သိမ့်ပေးခဲ့ဘူးတဲ့ စကားတွေ
တရားတွေ...၊
ဖြေ..ဖြေလို့မရနိုင်ပြီပေါ့
ငါ့ အလှည့်ကျရင်...။
ဘယ်ကြည့်ကြည့် မြင်နေတယ်။
လှောင်ရယ် အပြုံး
မဆုံးနိုင်သော သံသရာ
သံယောဇဉ်နွယ်ရှင် စက်ကွင်း
သမုဒယနွံမှာ...တဖြည်းဖြည်းချင်း
ငါ မွန်းကျပ်နစ်မြုပ် မလှုပ်နိုင်အောင် ဖြစ်ရပြီ။
တစ်ကယ်ဆို..
သွားနှင့်သူ ထားရစ်ခဲ့တဲ့
အမှတ်တရ ခြေရာ
ရင်မှာ ခတ်နှိပ်ရင်း...
(ငါတို့တစ်တွေ) နင့်နေအောင် လွမ်းကြရတော့မယ်။
နေပါအုံး...နေပါအုံး
မတားမြစ်နိုင်သေးခင်
နည်းနည်းမှ စောင်းငဲ့မကြည့်ပဲ
လောကဓံရိုက်ခံချသွားတဲ့ ၀ါရွက်ရော်များ
မြေကြီးပေါ် ပြန့်ကျဲ
သောကမိုးကြီးသည်းထန်တဲ့အခါ
ကွဲကွာ ၀မ်းနည်းရတာချင်းအတူတူ
ကျန်ရစ်ခဲ့သူက ပိုရင်နာရသည်ချည်းပါ။
မှူးဒါရီ
No comments:
Post a Comment