Thursday, May 29, 2008

“မသေသော အချစ်”

ယူခဲ့သမျှ
ပြန်ပေးပါ။
ပေးခဲ့သမျှ
မေ့လိုက်ပါ။
စားစရာ ရှိတာစား၊
စကားတွေ အများကြီး
မပြောနဲ့။
သောက်ချင်ရင် သောက်၊
မေ့မရင် မှောက်အိပ်နေ။
၂၄ နာရီ
နာရယ် ရယ်မနေနဲ့။
ငိုတတ်ရင် ငိုပါ။
မျက်ရည်ဟာ..
လူသားတိုင်းနဲ့ ဆိုင်ပါတယ်။
ဘယ်သူက ပိုချစ်ချစ်
အဆုံးကျရင်..
အတူတူ ရှုံးကြတယ်။
ခွင့်လွှတ် တတ်ရင်
ကောင်းပါမယ်။
နာကျည်းနေရင်
စိတ်အချဉ်ပေါက်မယ်။
မျက်နှာ ရှစ်ခေါက်ချိုး
အပိုးမကျိုး ဖြစ်လာမယ်။
ကမ္ဘာကြီး နဲ့ ပြိုင်ရင်
နိုင်ဖို့ မရှိပါ။
စိတ်ကိုလျှော့…
မလိုမကျတာကြုံရင်
ခပ်ပေါ့ပေါ့ ရယ်ပါ။
ထွက်သွားပြီးသူ
ပြန်မလာတတ်ပါ။
စောင့်နေရင်…
အချိန်တွေ ကုန်ပါတယ်။
ဓာတ်ပုံတွေ ဖြဲသင့်တာ ဖြဲ၊
ဝဲသင့်တာ ၀ဲပါ။
အမြဲ လွမ်းဆွေးနေရင်
ထွက်ပေါက်နဲ့
အလှမ်းပိုဝေးလာမယ်။
နောင် တချိန်…
ပြန် ရင်ခုန်လာတတ်ဖို့
ခဏ ဖြစ်ဖြစ်…
သီချင်းအော်ဆိုပါ။
မောလာရင် နား
နှလုံးသားအား
ထိုသို့ကုသပါ။
ဒီလိုပါပဲ
ရင်ခုန်ဖူးသူတိုင်း
ရူးတတ်ကြတယ်။
အမှန်အကန်
ဂရုစိုက်ပါဗျာ…
ကောင်းကင်ကြီးရဲ့
ရင်ခွင်က ကျယ်တာပဲ။
တစ်နေ့နေ့တော့…
ထပ်တွေ့ အုံးမယ်လေ။
အချစ်ဆိုသော…
ကျွန်တော်နဲ့ပေါ့။

ဟော့ဒီ ကောင်းကင်အောက်မှာပဲ။ ။

မှူးဒါရီ

2 comments:

ကောင်းကင်ကို said...

ဘယ်သူက ပိုချစ်ချစ်
အဆုံးကျရင်..
အတူတူ ရှုံးကြတယ်။

ဟုတ်ပ။ ကဗျာလေး ခံစားသွားတယ်

ein said...

အဲဒီကောင်းကင်အောက်မှာပဲ ထပ်တွေ့ကြအုံးမှာပါအမ...း)