သူငယ်ချင်း၁ယောက်ရှိဘူးတယ်။
သူက..ပြောတယ်။
“သူတို့ ငိုတဲ့အခါ
ငါ့ရင်ဘတ်နဲ့
ခံပေးခဲ့ဖူးတယ်။
သူတို့လိုတဲ့အခါ
ငါ့လက်၂နှစ်ဘက်နဲ့
ဖေးမခဲ့ဖူးတယ်။
သူတို့ ပြိုတဲ့အခါ
ငါပခုံး၂ဘက်နဲ့
ကူထမ်းခဲ့ဖူးတယ်။
သူတို့ ဆွေးတော့လည်း
ငါ့နား၂နှစ်ဘက်
အလိုက်တသိ စွင့်ပေးခဲ့ဖူးတယ်။
သူတို့ဟာ...
ညိုးနွမ်းလမ်းပျောက်တဲ့ အခါမှ သတိရပြီး
ပျော်တဲ့အချိန်ဆို မေ့ပျောက်ထွက်ခွာ
ငါ့ရင်ထဲမှာ...
နာကျင်ဒဏ်ရာတွေကို စွန့်ပစ် လွှတ် ချ ၊
ခုတော့ ဘယ်သူမှ အဲဒီအမှိုက်ကို
မဝေမျှချင်ကြတော့ဘူးတဲ့လားဟာ...”တဲ့လေ။
ကျွှန်မလည်း...
သူငယ်ချင်းလေးကို သနားလို့
ထပ်တူထပ်မျှ ဆိုပြီး...
ရှိစုမဲ့စု အသည်းနှလုံးလေး ခဏငှားလိုက်မိတယ်။
အဲဒီနေ့က...စ လို့
သူ့ကို ထပ်မတွေ့ရတော့ဘူး။
မှူးဒါရီ
2 comments:
အမ အဲဒါ ယုံလိုက်တာလား ?
ဒါဆို ခဏဌားလိုက်တဲ့ အသည်းနှလုံးလေး ကော ခုလက်ရှိခြေနေမယ် ဘယ်လိုရှိနေလဲဗျ...:P
တွေ့ မှမတွေ့တော့တာ... မသိပါဘူး။ ဘယ်လိုနေသလဲ။
:D
Post a Comment