ကောင်းကင် နှိမ့်နှိမ့်ကနေ
မီးပုံးလေးတွေ
လွင့်လာတယ်။
ဘယ်ကို သွားမှာလဲ
ဘယ်ကလာသလဲ
ရည်စူးရာအရပ်ကို
မရောက်သေးခင်ကာလ
ဘယ်အရပ်ကို ဖြတ်
ဘယ်နှစ်လုံး ပြာကျခဲ့သလဲ
ရောင်စုံစီတန်း...
လေဟုန်စီးလာကြ
ကျွန်မရှေ့အရောက်
ဟော...မီးပုံးလေးတလုံး
မီးလောင်စွဲ စောင်းရွဲ့ကျလာ
အသေအချာ
အနားကပ် ကြည့်လိုက်တော့
အယ်...အသည်းကွဲရောင်လေး...။ ။
မှူးဒါရီ
2 comments:
အိမ်လေးဆီကိုတော့ ပန်းနုရောင်မီးပုံးလေးကျလာတယ်အမ...:P
အဲဒီ့မီးပုံလေးတွေတွေ့ ရင် ဘာလုပ်တတ်သလဲ
Post a Comment