လက်တစ်စုံပဲ ရှိတယ်။
ကဗျာဟာ ကိုယ့်အသွေးပေါ့။
ဒါပဲ ပေးနိုင်ရင်...
ယူမှာလား?
ခြေထောက်တစ်စုံပဲ ရှိတယ်။
ကိုယ်သွားမယ့်လမ်း....
စမ်းတ၀ါးဝါးနဲ့
ကြမ်းတမ်းတယ်ဆို...
လိုက်မှာလား?
ဘ၀တစ်ခုပဲ ရှိတယ်။
ပကာသနမဲ့...၊
အစားအသောက်ချို့တဲ့မယ်ဆို...
မင်းရော...
အရင် ချစ်သူတွေလို
နေရစ်ခဲ့အုံးမှာလား?
ကိုယ်ကတော့....
မင်းတို့ သဘောကျခဲ့ဖူးတဲ့
ဟိုးတုန်းထဲက
သမိုင်းပေး...
ကဗျာဆရာလေးတစ်ယောက်လေ။
မေ့လိုက်ပြီလား??
မှူးဒါရီ
No comments:
Post a Comment