ငါ့လက်ဖ၀ါး နှစ်ဖက်နှင့်
ဆုပ်ကိုင်မိတာက သဲတစ်ဆုပ်စာပဲ
ဝါးနိုင်တာထက် ပိုလို့
စားမြုပ်မပြန်နိုင်အောင်...
လေ့ကျင့်သင်ကြား...
နံရံတိုင်းမှာ နားတွေ ရှိတယ်။
ငါ့ အာခြောက်တောင် စိုစွတ်ဖို့ မတတ်နိုင်ဘူး
ပခုံးနှစ်ဖက် ထမ်းနိုင်တာထက်
ဝန်ထုပ်မပိုမိစေဖို့ သတိပြု...
တစ်အိမ်ထဲနေ သူလျိုတွေရှိတယ်။
ငါ့နှလုံး မူ ဖောက်လွှဲဖောက်ပြန်ရုံပေါ့
ဟိုမှာ တစ်မျိုးနွယ်လုံးပျောက်
ဒုက္ခ ရောက်မှန်းတောင်မသိ
တစ်ယောက်တည်း ငူတူထိုင်နေသူတွေကို
အဆင်ပြေသွားမယ်လို့...
မနှစ်သိမ့်မိအောင် အံကြိတ်ထား
အစာကို သဲနှင့်ပက်မယ့်
လက်နက်ကိုင် သစ္စာဖောက်တွေရှိတယ်။
အချိန်မတန်သေးဘူး ပြောခံရ များပြီ
ကွေ့ပတ်လျှောက် မှ ရောက်မယ့်လမ်းမှာ
တန့်တန့် သွားတဲ့ ရှေ့ခြေရာတွေ
အပြစ်မတင်မိအောင် ကြိုးစား...
ချိန်ကိုက်ဗုံးကိုက်ထားတဲ့ ခွေးအတွေပိုင်နက်
သတ္တိကို အလွှာလိုက် ဖဲ့ချမယ့်
ကောက်ကျစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကြီး လည်းရှိတယ်။
ငါ့ရောင့်ရဲခြင်း အသေအချာ ထုပ်ပိုးထားလည်း
ဖတ်လက်စ ငါးရာငါ့းဆယ့် ဇာတ်နိပါတ်...၊
ဝဍ်ဆိုတာလည်တတ်တဲ့ ဗုဒ္ဓ ရဲ့သင်ကြားမှုအောက်
တရားမှတ်နေတဲ့ သူရဲဘောကြောင်လို
ငါ့......မှာ မွေးရပ်ကို မပြန်ရဲပဲနဲ့များတောင်
တအအ အာခေါင်ခြစ်အော်
(ဟိုတစ်လော လေးတင်...)
ဒေါင်းဖြစ်ချင်ယောင် ဆောင်ခဲ့သေးတယ်။
မှူးဒါရီ
No comments:
Post a Comment