Saturday, July 26, 2008

“မျှော်တော်ယောင်”

ညတိုင်း

၁၁နာရီထိုးရင်

ရင်ခုန်နေတတ်သည်။


ညတိုင်း

ဂစ်တာကိုတီး

မငြီးနိုင်အောင် သီချင်းဆိုသည်။


ညတိုင်း

ကွန်ပြူတာရှေ့

သူပေါ်လာသည်အထိ

မေးထောက် မျှော်သည်။


ညတိုင်း

စကားတွေ

တီတီတာတာဆို

အချိန်ကိုမေ့...

မိုးလင်းမှ အိပ်ဖြစ်သည်။


ဩော်...

ဒီညတော့

အခြားညတွေနဲ့မတူ

ကတိထားလျက်..

သူပေါ်မလာ..

စိမ်းကားချင်ပြီလားတွေး

အိပ်ချင်လျက်နှင့် ဆွေးဖြစ်သည်။


မှူးဒါရီ

No comments: