Monday, July 28, 2008

“တစ်ကိုယ်တော်အချစ်ပြခန်း”

နဖူးစာ မှန်ရင်ဖြင့်
နယ်စည်းလေးခြားနှင့်ပေမယ့်
စိတ်နှလုံးသား ၂ ခု ပေါင်းဆုံ
အိပ်ပျော်နေတဲ့ ရင်တွင်း အက္ခရာတွေ
ထကြွကခုန် လာစေတာ
အချစ် တဲ့လား။

ဘယ်တုန်းကစလည်း
ဘယ်လောက်ထိလည်း
တို့ မဖြေတတ်ပေမယ့်
ညာမရတဲ့ ရင်သဲသောင်ဆီ
“မောင်” ဆိုတဲ့ ကောင်လေး တစ်ယောက်
ခြေရာတွေ ကောက်ပြီး ရောက်လာ
ရူးသွပ်အောင် ကစားတော့မယ် ထင်ပါရဲ့။

သူ ရယ်လိုက်တော့လည်း
မျက်လုံးမှိတ် မြင်ယောင်
တို့ ပါရောယောင် ပြုံးမိတတ်လို့ ချစ်တယ်။

တောင်တန်းတွေ ကြား ရပ် ပြီး
ပင်လယ်တစ်ခု ကျက်စား တဲ့
တောင် နှင့် မြောက်လို ကမ်းနှစ်ဖက်ဟာ
တို့တွေ ထင်တာထက် ပို နီး ကပ် တယ်ဆိုတာ
လိမ်မရတဲ့ အိပ်မက်တွေ
သက်သေတည်ထားသရွေ့ ချစ်တယ်။

ဝေးနေတဲ့ အချိန်လေး
အကြင်နာနွေး များ ဝေမျှ
သက်ဝင် ယုံကြည်ခြင်းက အနှိုင်းမဲ့နဲ့
သူ ဖေးမ ပေးမြဲအကျင့်လေးလည်း ချစ်တယ်။

မှတ်မှတ်ရရ နေ့စွဲတစ်ချို့ဆို
သူ ရောက်မလာနိုင်တာ သိရက်
ကာရံကျကျ သူ့နာမည် မီးခိုးရောင်လေးအား
ထိုင်ကြည့် အလွမ်းဖြေလို့
သတိတွေ ရ ရင်း ချစ် တယ်။

တစ်ခါတစ်ခါ...
သူ့ကိုယ်တိုင် လက်နဲ့ သီမယ့်
စပယ်တကုံး ဆံထုံးမှာ တင်
ရှက်ပြုံးလေး ဆင်ပြီး
သူ့ရင်ခွင်ထဲ မှေးစက်လိုက်ချင်တာများ။
စိတ်ကူးတွေယဉ် ချစ် ရတာ မလောက်သလို ချစ်တယ်။

အခွင့်သာရင်
သိမ်းသိုထားတဲ့ ရင်ခုန်သံတစ်ချို့
မောင့်ဖို့ ဆိုပြီး လက်ဆောင်ပေးရအောင်
သံယောဇဉ် ကျောက်တိုင်နဲ့
နှစ်ဦးပိုင် မေတ္တာအိမ်လေး
ဖြည်းညင်းစွာ တည်ဆောက်ရင်း
ဆုံတွေ့မည့် ရက် ကို
လက်ချိုးရေမိနေတတ်တာလဲ

များ တယ် လို့ ရယ် ကျဲ လေး နှင့်
ပြောချင်လည်း ပြော ပါတော့။ချစ်တယ်။

မှူးဒါရီ

1 comment:

mgngal said...

ဟုတ်တော့ ဟုတ်နေပြီ ။သေချာတယ်။ :P