Wednesday, July 30, 2008

“ဟိုဘက်တိုးလိုက် ဒီဘက်တိုက်လိုက်”


ရေးလိုက် ဖျက်လိုက်

၁၂ ကြိမ်...၊

ပိန်လိန်နေလိုက်တဲ့ ခံစားချက်

တင်စားဖို့ကာ ပျော့ စိလျော့ရဲ

ဘယ်မှာလဲ ကဗျာ...။

ကျွန်တော် ကဗျာ ဆရာ မဟုတ်ဘူး။
ကျွန်တော် ရင်တူးတဲ့ သိုက်သမား။
ရှားပါး လို့ အဖိုးတန်လာတဲ့
န ဂို အဖိုး မ ထိုက်တာ တွေ နဲ့
လုံးခြာလည် လိုက်
ဒိတ်ဒိတ်ကျဲ မိုက်တဲ့ အကောင်ပေါ့။

အထီး ကျန် ၀ိဥာဉ်ကို သွပ်သိပ်
စာလိပ်က အခါတော် နမိတ်ကို
ကျယ်လောင် ဖတ်ချင်ရက်
ကြိတ်မှိတ် အိပ်နေရတာလည်း ရှိတယ်။

ည ဇီးကွက် ဆိုတော့
ကျီးလို မအာတတ်တာ
သေချာတာပေါ့ ဗျာ
ဒါကြောင့် နေခင်းဘက်
အိမ်ပြင်မထွက် တဲ့
ဇာတ်စင်ပေါ်တက် မီးမောင်းထိုးခံဖို့
မနှစ်မြို့ တဲ့ သူလည်း ဖြစ်တယ်။

အ၀တ်တွေ မပါဘူးဆိုရင်တော့
ခင်ဗျား လည်း ကျွန်တော် ပါပဲ။
ကျွန်တော်လည်း ခင်ဗျားပါပဲ။
ခန္ဓာသဏ္ဍာန်ကွဲပြားခြင်းဟာ
သေးနုပ်တဲ့ ဆွဲငင်ဓာတ်များစွာနဲ့
ဖွဲ့စည်း ဖြစ်တည်လာတဲ့
ဘုရားရှင် ရဲ့ အပြစ်ဒဏ်များပေါ့။

ဒါနဲ့ပဲ
အ ထီး နဲ့ အ မ
နာမ်စားချင်း ချိတ် မျှားကြ
အချစ် ကြောင့် ဖြစ်တဲ့ ဆင်ခြင်ဥာဏ်ဆိုတာ
မရှိရေးချ မရှိသေးဘူး။

တစ်ယောက်ကို တစ်ယောက် တမ်းတပြီး
နုရွနေတဲ့ တစ်စုံတစ်ရာက
လူသား ၂ဦးကို ပေါင်းစည်းလိုက်ခြင်းဟာ
အချစ်ရဲ့ ပြည့်စုံမှု ဆိုရင်
ကျွန်တော်ကိုယ်တိုင် ၀န်တိုမိနိုင်တယ်။

ကာရံ မပါတဲ့ ကဗျာကို ၀ပ်တွားခယမိသလောက်
တစ်ယောက်သောသူ ကို ရည်စူးလို့
လက် တစ် ဖက် တည်းနဲ့ ကမ္ဘာကို
ကိုင် မ ထားချင် ခဲ့ ဖူးတယ်။

ကျွန်တော်လား?
ကျွန်တော် က ရင်တူးတဲ့သိုက်သမားလေ။
မေးပြီးမှတော့ ခဏလေးဖြစ်ဖြစ်
နားထောင်သွားအုံးမှပေါ့။
ကျွန်တော်ဆိုတာ
ရင်မှန်သမျှ အနုကြမ်းဝင်ပြီး
မူပိုင် တံဆိပ်ခတ်ထားတဲ့
ကိုယ့် ၀ိဥာဉ် တစ်ခြမ်း ကို
အနံ့ ခံ ခြေရာကောက်
ခေါင်းပြတ် တစေ တစ်ကောင် ဆိုလည်း
မမှားဘူး။

အပြတ်အသတ် ထုနှက်ခံပြီး
ပျင်း ရိ တဲ့ အသည်းကို
အက်စစ်နှင့် လောင်းချနေတာတောင်
အိပ်မက် တွေ အလွှာလိုက် ဆွဲ ဖြဲနေတာတောင်
စိတ္တဇ နံတွေ ချည်းပျော်ကျလာပြန်သလား။
သေချာတယ် ကဗျာ ဆရာ မဟုတ်ဘူး။

ကော်ဖီ မသောက်တဲ့ ညနံရံပေါ်က
ကျွန်တော်တွက်သီးသန့် သက်ဆိုင် မယ့် ကဗျာ..
နင် ကိုယ်ပျောက်ဆေးတွေ
စား နေတာလား ဟ ။


မှူးဒါရီ

1 comment:

မျှားပြာ said...

သိပ်ကြိုက်တယ်ဗျာ ...။