လက်လျှော့ ပေးလိုက်တယ်။
စွန်ငယ် ကြိုးပြတ်
မိုးတိမ်အိပ့်မက်မှာ
ငြိတွယ် ရှင်သန်ခြင်းဟာ
မောပန်းလှပြီ။
နေတစ်စင်းပဲ ရှိလည်း
အလေ့ကျ မပွင့်တဲ့
ပန်းရဲ့ရာဇ၀င်တလျှောက်
မိုက်မဲချင်တာတောင်
ပြောင်သလင်းခါ...ကောင်းကင်ရင်ဘတ်ကိုကြည့်
သွေ့ခြောက်မိလို့..။
ငိုမှာ မဟုတ်ဘူးရယ်
အကြိမ်ကြိမ် နားချတိုင်း
လေသလပ်ခံထားတဲ့
အထီးကျန်ဆန်ခြင်း...
တရှဲရှဲ ထမြည်တတ်တော့
ဘ၀ တစ်ပါးကူးပြောင်းခါနီး
နှုတ်ဆက်တောင် မသွားဘူး။
မှူးဒါရီ
No comments:
Post a Comment