Saturday, August 2, 2008

“ဖြစ်စဉ်”

မနေ့က ငိုတယ်။
ဒီနေ့ကျတော့ ငါမဟုတ်သလိုပဲ။

ပြုံးပြ နှုတ်ဆက်...
ဖြစ်တတ်တဲ့သဘော တဲ့။

ဟန်ဆောင်တယ်။
မူယာမာယာများတယ်။
လူတိုင်း လူကို ညာနေကြပါလား။

ငါလည်း ငါ့ကို ငါ ညာ။
ညရောက်တိုင်း ငိုရပြန်ရော။

ဒါ ဖြစ်တတ်တဲ့ သဘောတဲ့လား။

မနေ့က ရှိတဲ့ ကောင်လေးတစ်ယောက်
ဘေးနားမှာ မရှိတော့ဘူး။
ငါ့ကို သူညာပြီး ထွက်ခွာသွားပြီ။
ငါက အညာခံပြီး နေရစ်ပေးခဲ့တယ်။
ဒါရော ဖြစ်တတ်တဲ့ သဘောများလား။

ထိန်းချုပ်ကြေကွဲ မှန်ထဲမှာတော့
၂ ယောက်တွဲ ပုံရိပ်တွေပဲ
မြင်နေတယ်။

မေ့တဲ့အထိ ထပ်ငိုမယ်။
ဒါလည်း ဖြစ်တတ်ပါတယ်လေ။

မှူးဒါရီ

1 comment:

mgngal said...

ဖြစ်တတ်တဲ့ သဘောတွေကို တစ်ခါတစ်ခါ ချပြတတ်တာလည်း ဖြစ်တတ်ပါတယ်လေ။ :D