မုန်းတယ်ဆိုတာ
ပြင်းထန်တဲ့ စကားတစ်လုံး
မသုံးတော့ဘူး သိမ်းထားလိုက်။
ငုံထားတာ မြိုချဖို့မဟုတ်
တန်တဲ့ အချိန်
မှန်မှန် ကန်ကန် ထွေးထုတ် ပစ်ဖို့...။
ခံတလှည့် စံတလှည့် ငရဲမှာ
အရှင် လတ်လတ် မမြင် ၀ံ့ အနိဋ္ဌာ အာရုံများ...။
တော်သလို ချွင်းချွက် ထား
မျက်စိ၊နား ခဏကန်းရရင်း ဖြစ်တည်။
လွန်လေပြီးသောနှစ် နှစ်ဆယ်မြောက် ဒီနေ့
သူငယ်တန်း စာသင်သား အဖြစ်နှင့်
အိမ် ပြန်စော ခဲ့ ရ။ အမှတ်တရ။
အဲတုန်းက မင်းရယ်၊ ငါရယ်၊ သူငယ်ချင်းတွေရယ်...၊
ဘာအရေးမှ မတောင်းဆိုတတ်သေးဘူး။
အရေးကြီးသော ဦးညွှတ်ခြင်းကို သိမ်းဆည်း
ခု ရောက်နေတဲ့ နှစ်ထောင့်ရှစ်မှာတော့
သွေးသုတ်လိမ်းတဲ့ အိုလံပစ်ဂိမ်း ကြီး ရယ်လို့
ခဏခဏ နင်ပြီး
နင် တို့ ဘာတတ်နိုင်သေးလဲ အကြည့်နှင့်
အရံဘုရင်ကြီးက သွား ဖြီး ပြ ကြောင်း
ဒိုင်ယာရီ တစ်မျက်နှာစာ မှတ်သားထားကောင်းပါ့ကွယ်။
အဟုတ်...ဗျာ။
ဘာအရေးမှ ဘုရားစူး တောင်းချင်လို့ရယ်တော့
မဟုတ်ရဘူး။ ။
မှူးးဒါရီ
No comments:
Post a Comment