မှန်ခြင်း သင်္ကေတကို
ရင်ဘတ်ပေါ်မှာ ခြစ်ပါ။
မှားခြင်း ရလဒ်ကို
လက်မောင်းထက်မှာ ရစ်ပါ။
အချစ် နှင့် စစ်မှာ
ဖြစ်ပျက်ခဲ့သမျှ
ခြွင်းချက် မရှိ အပြစ်ကင်း
ခွင့်လွှတ်တတ်ရင် ရှင်းတယ်။
စိတ်ဆိုးလိုက်မယ် ခဲသမျှ ကျေ
အေးမြမြလေပြေလေးတောင်
သီချင်းဆိုပြတတ်တယ်။
မောင် ရောက်လာတဲ့ အခါ။
ညှိုးငယ်နေတဲ့ မျက်နှာပေါ်
ပန်းပေါင်းစုံကလည်း
ကခုန်ပွဲတွေ ခင်းကျင်း
မောင့် အပြုံး ၀င်းဝါတဲ့အခိုက်။
မမြင်ရတာကြာရင်
မမြင်ဖူးပဲနဲ့ တောင်မှ
မြင်တွေ့ ခဲ့ရသလို လွမ်းတတ်တာ
မောင်သိမလား။
စိုးရိမ်စိတ်တွေနင့်
အလိုက်မသိ ငြိုငြင်တဲ့စကားတွေ ဆိုမိရင်လည်း
နားလည်ပေးပေါ့ မောင်ရယ်။
မှောင်နေတဲ့ အရပ်မှာ
အလင်းရောင်မရှိ နေသားကျပေမယ့်
တစ်ခုတည်းသော ဆီးမီးခွက်လေးကို
အချစ်တွေ နှင့် ထွန်းညှိ ပေးခဲ့
အတူနေခွင့် ခဏလေးကိုလည်း မြတ်နိုးတယ်။
ငှက်ငယ်လို တကိုင်းတည်းနားချင်စိတ်နှင့်
အလွမ်းလို ခါးတဲ့ အဆိပ်ကို
နှစ်ခြိုက် ခံစား
တိမ်စင်လို မောင်တစ်ယောက် အနားလွှင့်လာတဲ့အခါ..
အရာရာ ချိုမြန်သွားနေကြမို့
ကြိုခါးနှင့် မယ် မှားလား။
လမင်းလို မောင် က
ကျွန်မလို ကောင်းကင်ကို
စိတ်လိုလက်ရ အမှောင်ချထားမယ်ဆိုရင်တောင်
သက်ဆိုင်သူနှင့် ပတ်သတ်သမျှ
ရူးရူးမိုက်မိုက် ခံယူထားပုံက
အကုန်တရားတယ်လို့။
မှူးဒါရီ
1 comment:
ဘာပြောရမလည်းတောင် မသိတော့ဘူး
ကောင်းလွန်းလို့ ။
ထူးတော့ ထူးခြားနေပြီဗျို့ ။:D
Post a Comment