Saturday, August 9, 2008

“တစ်ပွဲနိုင်”

ပြတ်သားစေ
ရဲရင့်စေ
အနာပေါ် တုတ်ကျ
နာကျင်မှုဟာ နာနေစေ။

ညီညွတ်စေ
မြဲမြံစေ
တင်းမာ လက်သီးဆုပ်
မေးပြုတ်သွားအောင်
သထွေး မှုတ် ထိုးပစ်စေ။

မှားမှန်းသိ အမှန်မပြင်
အမှန်တရားနှင့် ရင်ဆိုင်ချင်သေး
ကြိုးဝိုင်း သို့ ၀င်...။

ယောင်္ကျား ဘသားဟဲ့ ဘ၀င်နဲ့
အနိုင် မယူလိုသော အချဉ်နဲ့
ပုဝါ မကူ၊ ရေ မရှူကြေး တဲ့

(ဒီမှာ)
ခတ်ထားတဲ့ လက်ထိတ်
အရင်..ဖြုတ်ပေး..လိုက်..အုံး။


မှူးဒါရီ

No comments: