Sunday, August 24, 2008

“နွားအို နှင့် မြက်နု”

“နွားအို နှင့် မြက်နု”


ပတ်တီးကိုင်ထားတဲ့
အသည်းယိုင်နှဲ့ ကို
ထပ် ပစ်ခွဲရက်တယ်ဆိုလည်း
လုပ်လိုက်ဟဲ့ လို့
ငါကတော့ အဲလို...
လက်ထဲ ထိုးထည့်လိုက်တာပဲ။


သနားတယ်ဆိုတာ
ရည်းစားကဖြတ်...
အရက် ထဲ နစ်
စိတ်ထင်ရာ ရင်ဖွင့်ဖြစ်တာဆိုရင်...
ငါလည်း နည်းနည်းတော့ အဲလို...
အဖျားမရှိပဲ အဖျားတက်လိုတက်....။


မငြင်းရက်တော့ဖူးဆိုရင်
ခေါင်းကို ညိတ်
ငါးခူလေးလို ပြုံး...
ငါ့ အချစ်ဆုံး ပဲလို့
မြက်နုလေးရယ်...
ညှို့  ပါအုံး နောက်တစ်ခေါက်....။


နွားအိုကြီးလို သွားကြီးဖြီး
လှည်းကြီး ထမ်းပါ့မယ် ဟ....။


မှူးဒါရီ

No comments: