Wednesday, August 27, 2008

“ဖြေသိမ့်ကြည့်ခြင်း”

“ဖြေသိမ့်ကြည့်ခြင်း”


မလောက်ငတဲ့ အသိနဲ့
ငါ့ကိုငါ ပြန်ပြန် ဖြည့်မိနေတယ်။

မပြည့်တဲ့ အိုး ဘောင်ဘင်ခတ်တယ်မျိုး
အပြောမခံချင်ဘူး။

ရှူ့  ထားသမျှ ကသိုင်းနဲ့
စကားလုံး အရိုင်းတွေကို ဒိုင်းချက်ကာ
နေတတ်သလိုနေတာလည်း
အပြစ် က ဖြစ်ချင်ဖြစ်ရသေး........။


အထက်နဲ့ အောက်
ဘယ်လို ညှိ ပေါင်းရမလဲ။


ကြာတော့လည်း တစ်ယောက်တည်း နေသားကျ
ဘ၀ရထားတောင် အချိန်ပေး နားသင့်နားရတာပဲ
ငါရော ဘာသားနဲ့ ထုထားတာမို့လဲ.............။


မှူးဒါရီ

No comments: