Sunday, August 24, 2008

“ကော်ပီ”

“ကော်ပီ”

မနက်
၎နာရီ
နှစ်လိုရာ ဆီ
ဝင်ခစားဖြစ်တယ်။


ဓာတ်သိမှ
အချက်ထိတယ်ဆိုတာ
အခိုင်အမာ လက်ညှိုး ညွှန် ပြရမယ်ဆို
ဟော ဟိုမှာ..ဟိုမှာလေ။


မချစ်တတ်တဲ့ ယောင်္ကျားနဲ့
အချစ် ငတ်တဲ့ မိန်းမ...
ရုပ်ရှင် ရုံ အပြင်မှာလည်း ပြသတဲ့.......။


တွန်းထိုးလေးနက်
လူပျော့ပေမယ့် စိတ်ဓာတ်မာ
အလျော့ပေးသူကို
နှိပ်စက်နေတာကဖြင့် ကြည့်မကောင်း.................။


တစ်မျက်နှာ အတွက်နဲ့
အိမ်ပြန်လာတဲ့သူမို့..................
မာတောင်မှုကို
တစ်ချက် လျော့တဲ့ အသံနဲ့
ပွေ့ဖက် ဆီးကြို...


အဝေးကြီးကကို လာခဲ့ရတာ ပါတဲ့။

ဒီလို ရှေ့နေ လိုက် မိတဲ့ ည...........။


မှူးဒါရီ

No comments: