“လူပြက်လေးရဲ့ လမ်းညွှန်”
ကြမ်းပြင်မှာကျနေတဲ့
သော့တွေ အများကြီးပဲ...
ဘယ်တစ်ခုဟာ
မင့်အသည်းကို ဖွင့်ဖို့လဲ?
ငါမေးတော့...
မျက်လုံးကိုမှိတ်
လက်ကိုဆန့်ထုတ်...
ခံစားမှု ညွှန်ရာကို
ဆုပ်ကိုင် ကောက်ယူလိုက်...တဲ့
ဟားးးးးးးးး
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
သော့မပါပဲ
မင်း ရင်ဘတ်ထဲကို
ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်သွားပါလား....
အဲဒီမှာ..
အထူးအဆန်း
မင့်အသည်းလေးကလည်း
ပြုံးပြနေတယ်။ ။
မှူးဒါရီ
No comments:
Post a Comment