Thursday, August 28, 2008

“ဖူးပွင့်ချိန်”

“ဖူးပွင့်ချိန်”

ဆွံ့အနေတယ်။

ရင်ဘတ်ထဲမှာ ....
ထပ်တူခိုင်းနှိုင်းပြစရာ....
စကားတွေ မမွေးဖွားနိုင်သေးဘူးးးးး
ရှိနှင့်ပြီးသား စကားလုံးတွေယူသုံးရရင်...
ရင် ငလျင် လှုပ်ပြီး နှလုံးသားက တုန်ခါ အက်ကွဲ နေတယ်....
သိပါ့မလားးးးးးးးးးးးးး


လေးနက်ထိရောက်မှုတွေထဲက
အပေါက်ရှာပြီး အချစ်ကခုန်ချတယ်
လေးပင်လွန်းလို့ ငါဘာသာ လှုပ်ခါမိတော့
သက်ပြင်းတွေ တစ်ရွက်ပြီး တစ်ရွက် ကြွေကျသွားရော...


အချစ်ကို တစ်ဝက်စီခြမ်းပြီး
လမ်းခရီးတလျှောက်အတူလှမ်းဖို့...
မောင်တစ်ယောက် မျှဝေကမ်းတယ်...
ရဲရင့်ကြည့်စမ်းပါ....မရယ်တဲ့.........


ကဗျာတစ်ပုဒ် မှည့်သွားပြီ။

မှူးဒါရီ
Saved at 8:22 AM on Friday

No comments: