Wednesday, September 17, 2008

“ထပ်တူထပ်မျှ”

“ထပ်တူထပ်မျှ”

တစ်ရက် ပြီး တစ်ရက်

စက္ကန့် တိုင်းလိုလို

ပိုမို တိုးရစ်နှောင်တွယ်..........

စိတ်နံရံပေါ် ရောင်ပြန်သော ပုံရိပ်

ကျွန်မ သိပ်ချစ်တဲ့ ချစ်သူ..........။


တစ်သက်မှာ တစ်ခါ

နှလုံးသားခမျာ ပဲ့ထင်

နှုတ်ခမ်းတွေပေါ် လွင့်စင်လာတဲ့ ဆုတောင်း

တိတ်တခိုး မရောင့်ရဲခြင်းနဲ့

မောင့် အိပ်မက်များ အပ်နှင်းခံရသူ

ကျွန်မ သာလျှင် မူပိုင် ဖြစ်ချင်တယ်....။

မှူးဒါရီ

No comments: