Friday, October 24, 2008

”ဤဆုတောင်းလေး ပြည့်စေချင်”

”ဤဆုတောင်းလေး ပြည့်စေချင်”


မျက်လုံး၂လုံး ဖွင့်ဖွင့်ချင်း

အာရုံကို တံခါးခေါက်….

ချစ်သူ ရောက်လာတာပဲ

တမ်းတစိတ်နဲ့ …နိုးပါပြီ။


နိုးသာနိုးရ

ညက အိပ့်မက်

ပြန်စပ်ဆက်တော့

ချစ်သူ့လက်တွဲ

အိပ်မက်ထဲမှာ

အရမ်း ကြည်နှူးစရာ

ကောင်းလိုက်တာ………..။


ထွေပြား စိတ်ကူး

နိုးတစ်ဝက် အိပ်ချင်မူးတူး မှာ

သူရူးလို ကျွန်မ

ထဆုတောင်းမိ

ချစ်သူ အနား ရောက်ရှိဖို့………….။


တောင်းပင် တောင်းငြား

တောင်းတိုင်းမပြည့်

သူ့ဓလေ့ ပေါ့

သိခဲ့ကြာပြီ

ကတိအထပ်ထပ်နဲ့

တွေ့ရမယ့်ရက်စွဲ လည်း

လိုသေးတယ်…………..။


ထိုထို ခဏ

မျက်လုံးပြန်မှိတ်

လွမ်းစိတ် ရှုပ်ထွေး

ကွေးဝင် စောင်ခြုံ

သောက မဖြစ်ပုံနဲ့

ဟန်လုပ်ရဦးမည်လား………..?


အိုကွာ ဟန်မလုပ်ချင်ဘု

ချစ်သူ နိုးမယ့် နံနက်ခင်း

မနက်ဖြန် ချက်ချင်းသာ

ဖြစ်လိုက်ချေတော့………….။


မှူးဒါရီ


1 comment:

mgngal said...

အိုကွာ ဟန်မလုပ်ချင်ဘု
ချစ်သူ နိုးမယ့် နံနက်ခင်း
မနက်ဖြန် ချက်ချင်းသာ
ဖြစ်လိုက်ချေတော့………….။

ဟိုက် ဇွတ်ပါလားဟ ။ မနက်ဖြန် ဘာလို့ ရောက်ချင်တာ
လည်းဟင် ။ အော် လခ ထုတ်ခါနီးပြီကိုး ။ :P နောက်တာ။
ကဗျာလေးကောင်းတယ်ဗျ။ အားပေးနေလျက်ပါ။ :)