Saturday, October 25, 2008

“မဆုံးတဲ့ သင်ခန်းစာ”

“မဆုံးတဲ့ သင်ခန်းစာ”

သင်ယူမှု ဆိုတာ

အသက်ရှူသံ အစအဆုံး

အနုကြမ်းစီးထားတဲ့

သင်ရိုးတမ်းကြီး နဲ့ တူတယ်

မကျေလည်သေး အနုတ်အပေါင်းတွေ ကျန်နေသမျှ

ထပ်ခါ ထပ်ခါ တွက်ချက် ရမယ်

ချောင်ပိတ်ကန်ခံနေရသမျှ

ခုန်ထွက်လာနိုင်မယ့် သတ္တိ မွေးရမယ်

မချစ်တတ်သေးသမျှ

အကျွမ်းဝင်မထိုက်သူနဲ့

အချစ်ကိုလည်း ခဏခဏ ပက်ပင်းတွေ့မယ်

လူတိုင်းမှာ သူ့ ကံကြမ္မာ နဲ့သူ

ဖိနပ်စီးကြတော့လည်း သူ့ အတိုင်းအထွာနဲ့သူ

မတော်မရော် အရေခွံ ခြုံထားတဲ့ သူလည်း

နှလုံးသား ပါရိုးမှန်ရင်

နေ့သစ် တိုင်း

သွေးသစ် လဲခွင့်ရှိတယ်တဲ့

သင်ကြားခံတွေထဲမှာ

မတရားမှုဟာလည်း ၁၀ခါပြန်

ရေလုံပြုတ်ထားတဲ့သင်ခန်းစာတစ်ခုပဲ…………………။

အရသာမကျန်တော့ပေမယ့်

ရွေးချယ်ခွင့်လည်း သိပ်မရှိဘူး။


မှူးဒါရီ


No comments: