“အိပ့်မက် ထဲက အိပ်မက်”
ကလန့်ကာအပြင်မှာမှ လင်းချင်းသလား
ပိတ်ထားတဲ့ မီးခလုတ်
မျက်နှာကျက်ပေါ်က မာကြူရီ အစိမ်းရောင် ကြယ်အတုများ
အခန်းထဲမှာ အိပ်မရသေးတာလည်း ငါပဲ
အိပ်တ၀က် အိပ်မက်တွေ မက်နေတာလည်း ငါပဲ
ပင်ပန်းလိုက်တာ……………………….။
ငါမဟုတ်ကြောင်း ငြင်းဖို့
ငါ့အရိပ်က ခဲတံ ထရှာ တယ်
စာရွက် အလွတ် ထရှာ တယ်
ရှာလို့တော့ တွေ့ပါရဲ့ …….
ညာနဲ့ ခြစ်မှာလား ဗယ်နဲ့ ထစ်မှာလား
အသေအချာ သူမရေရာဘူး
ဒါနဲ့ပဲ ငါ့နဘေးဝင်လှဲ
ကျနော် သိပ်အထီးကျန်လွန်းတယ်ဗျာ တဲ့
မသက်မသာလေး ညည်းရှာတယ်။
အနုပညာမှော်ဝင် သူတွေ အဖို့တော့…
အဲဒီညည်းသံက ကဗျာတစ်ပုဒ် ဖြစ်သွားနိုင်တယ်
အဲဒီ သက်ပြင်းချသံက ၀တ္တုတစ်အုပ်လည်း ဖြစ်နိုင်တယ်
ငါ့အတွက်တော့ သူ့ ဖို့ လွမ်းစာတစ်စောင် ဖြစ်သွားရဲ့ 
သိုးမည်းတစ်ကောင် ကိုက်ချီသွားပြီ
ပိုးစုန်းကြူးတို့ ရေ…….
သူ့ဆီ ရောက်အောင် အမှောင်ထဲမှာလမ်းပြလှည့်ပါ…..
အရိပ်ကောင်ရေ…..
ငါ့ကတော့ အချစ်များစွာနဲ့ ရေးခြစ်လိုက်တာပါ…..
သူ့ဆီမှ ရောက်ပါ့မလား…………………………………..။
မရပ်နားတဲ့ လက်တံတွေနဲ့ အတွေးကိုယ်တိုင်
နာရီ တစ်လုံး ဖြစ်သွားပါရော့လား….
မှေးစင်းလာတဲ့ နွမ်းလျမှုဟာ
နားခိုရာ ရင်ခွင်ကို ရှာနေရတုန်းပဲ
ငါကဖြင့် အိပ်မောကျတော့မယ်………………..။
အစဉ်အလာတစ်ရပ်လို
ဓာတ်ပြားဟောင်း တချပ်ကို
မအိပ်ခင်လေး ထဖွင့်မိပြန်တော့
တမန်နေ့ညသည် အတိတ်ဖြစ်သွားပြီလား….
အတိတ်ထဲက မက်ခဲ့တဲ့ အိပ်မက်ကရော အတိတ်ဖြစ်သွားမှာလား
တိုးလျလွန်းလှတဲ့ တမ်းတခြင်းတောင်
မနေ့ညကနေ ဒီနေ့ညအထိ ခုန်ကူးပါလာသေးတာပဲ
ပြီးတော့ ငါမြင်ခဲ့တဲ့ မှန်ထဲက ကောင်လေး…
နာမည် ဘယ်သူတဲ့လဲ
အဖြေကို အလွတ်ရနေတဲ့ အိပ်မက်က
ပုံပြင်ပြောဖို့ အားရ၀မ်းသာ ပါးစပ်ဟတယ်………..။
နေဦး…….ပုံပြင်ဆုံးရင်
ရေမြေကွာခြားမှုကို ဆွဲစေ့ပြီး
တနေကုန် လွမ်းရတာ ပင်ပန်းနေတဲ့
ငါ့ကောင်းကင်မှာ လမင်းလေး လာဖြစ်စေချင်ကြောင်း
သူ့ကို ပြောပြဖို့ မမေ့နဲ့
စကားမဆုံးလိုက်ဘူး
အိပ်မက် က ပုံပြင်စပြောနှင့်ပြီ……………..။
မှူးဒါရီ
3 comments:
ဟာ နုတယ်ကွာ
ကဗျာပဲ
;)
ဒေါ်ကြီးမှူးတော်တယ်
အဖြေကို အလွတ်ရနေတဲ့ အိပ်မက် တဲ့။ မမက်ချင်ဘူးကွာ။
ဒီကဗျာကိုလည်း ကြိုက်တယ် ။ စာကားလုံးတွေ ဘယ်က
ရှာလဲ ။ နေရာလေး တစ်ချက်လောက် ပြောပြပါလား ။ :D
ကောင်လွန်းတော့ ဘယ်အပိုဒ် အကြိုက်ဆုံးလို့ တောင်
ပြောရမှာ ခက်နေတယ် ။ အစဉ် အားပေးလျက် ။
မောင်ငယ် ။
Post a Comment