Thursday, October 9, 2008

“Tag ၍ရေးသည်”

ပထမံပြန်တွေ ခေတ်စားတယ် ထင်ပ။ မင်းသမီးရေ ရေးပါတော့ ဆိုလို့.........အားကျမခံရေးပါသည်။ Tag တဲ့အထဲမှာ ဘစ်စ်ကား တိုးတက်ခိုင်းတာ နဲ့ စင်ပေါ် တက်ခိုင်းတာနဲ့ကလွဲရင်.. ကျန်တာ တွေ စဉ်းစားပေးပါတယ်။ ^-^

ကုန်ဈေးနှုန်းတက်တာကိုတော့ လုံးဝလုံးဝ သဘောမတူပါ။ ( ဆိုင်ဆိုင်မဆိုင်ဆိုင်) :P

ကဲ...လာပါပြီ...မှူးဒါရီ ၏ ပထမများ.....။

ကိုဖုန်းမြင့် နဲ့ ကိုမျိုးဝင်းဇော်တို့ သေချာမျက်လုံးပြူးပြီး ဖတ်ကြနော်...။ ^-^

.....................။.................................။.............................။...........................။............................။...............
ပထမဦးဆုံးနေခဲ့သည့်ကျောင်း
~~~~~~~~ အ.မ.က (၁၇) မရမ်းကုန်း။ သူငယ်တန်းကနေ ၃တန်းအထိသာ တက်ခဲ့ရတယ်။ ၄တန်းရောက်တော့ ပြည်လမ်း T.T.C လို့ လူသိများတဲ့ လူချမ်းသာကျောင်းကို ပြောင်းခွင့်ရခဲ့တယ်။:P

ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၅ကျပ်။ မှတ်မိသေးတယ်။ တစ်ပတ်စာ ၂၅ကျပ် အမြဲ မသုံးပဲ သိမ်းထားတတ်တယ်။ စုထားတဲ့ မုန့်ဖိုးတွေ ဘာလုပ်ပစ်တတ်လဲတော့ မမှတ်မိတော့ဘူး ဟီး....။

ပထမဆုံး ရဖူးသောဆု~~~~~~~~~ကျောင်းမှာ ဆိုရင်တော့......(၈)တန်းရောက်မှ ဆုရဖူးတယ်။ တစ်ကျောင်းလုံး ဒုတိယ လူမှုရေးဘာသာထူးချွန်ဆု..........။အဲဒါလည်း ဘယ်လိုရလဲ မသိတော့ဘူး။ မှတ်မိသလောက် (ရ)တန်းကနေ စပြီး ၏ သည် မရွေး စာကျက်တတ်တဲ့ အကျင့်မရှိတော့တာပဲ။

ပထမဦးဆုံးရဖူးတဲ့ ပထမဆု~~~~~~ ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေမှာ အစားပြိုင်ပွဲတွေဆို...ချန်ပီယံပဲ...။ ဟဲ ဟဲ။ အမြဲတမ်း ပထမရတယ်။ (အစဉ်အလာနဲ့..) ^-^

ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ (၅၀) ဆူးလေ-အင်းစိန်။

ပထမဦးဆုံး ဆေးထိုးခံရအောင် ဖျားနာခြင်း~~~~~~~ ၁၀နှစ်သမီးတုန်းက ဖျားခဲတဲ့ မှူးဒါရီ၊ အိမ်ရိုက်သံကို နင်းမိပြီး ဖျားလို့၊ လမ်းထိပ်က ဇီဝက ဆေးခန်းမှာ ဆေးသွားထိုးရတယ်။ ငိုလိုက်တာ ဖြစ်ခြင်း.....ဘယ်အချိန် ဆေးထိုးပြီးသွားလဲတောင် မသိလိုက်ဘူး။ အဲဒီကတည်းက ဆေးထိုးအပ်ဆို အသံကြားတာနဲ့ ပြေးတာပဲ။ ကြောက်လို့....... :D

ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ “မင်းဆီကို” ....။ သိတယ်မဟုတ်လား။ ကိုစည်သူလွင် စ ခေတ်စားတဲ့ အချိန်ပေါ့။ မှူးတစ်ယောက် (၁၀)တောင် မအောင်သေးဘူး။ နောက်မှ သိရတာ..စည်သူလွင်ကလည်း T.T.C ကပဲတဲ့။ တစ်ခါမှ ကျောင်းမှာ မတွေ့ ဖူးဘူး။ (ဒါလည်း ကြွားတာ...):P

ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~ ရပ်ကွက်ထဲက ပဲ။ ဆိုင်တောင် မရှိတော့ဘူး။ နာမည်လည်း မမှတ်မိတော့ဘူး။ ဆောရီးဗျို့ ......မမှတ်မိတာတွေ များနေရင်။ ဒီက မေ့တတ်တယ်။ အဟင့်

ပထမဆုံး ဖတ်ဖူးသော ရည်းစားစာ ~~~~~~~အဟဲ အစ်ကိုချော၊အစ်မချောတွေ ပေါတယ်။ (ဒါက ကြော်ငြာ) များသောအားဖြင့်တော့ အစ်ကို တွေရဲ့  စာတွေ လိုက်ဖတ်တာများတယ်....။ အီး.....ကောင်မလေးတွေကလည်း တော်တော် ချွှဲသလားမမေးနဲ့......။ ရုံးပလေသီး ကျနေတာပဲ။ :P

ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~“ နှင်းဆီ”...။အဲဒီတုန်းက ၁၂ နှစ်သမီးပဲ ရှိသေးတယ်။ အဘိုးဆီကနေ တောင်းသောက်တာ။ တစ်ရှိုက်ပဲ.....ချောင်းတွေ ဆိုးလိုက်တာ။ အဆူတော့ မခံခဲ့ရဘူး။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်~~~~~~~~ “လန်ဒန်”......။

ပထမဦးဆုံး စားဖူးတဲ့ ကွမ်းယာ~~~~~~ အဘိုး ကျွေးတာပေါ့။ ကျောင်းကပြန်လာတိုင်း မုန့်သွားတောင်းစားတာလေ။ အဲဒီနေ့ကတော့ ဘာစိတ်ပေါက်လို့ လည်း မသိဘူး။ ခေါ်ကို ကျွေးတာ...။ စားလို့ လည်း မကောင်းဘူး...။ :(

ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~ ၁၂း၁၅am/ ၁၄။၀၃။၂၀၀၄

ပထမဆုံး စကစားသည့် အားကစား~~~~~~ ကြက်တောင်ရိုက်..။
ပထမဦးဆုံးအစအဆုံး ဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~ ဦးဖိုးကျားရဲ့  ၀တ္ထုတိုများ ။ ၀တ္ထုဖတ်ရတာ ၀ါသနာမပါဘူး။ အထူးသဖြင့် အချစ် ၀တ္ထု။ ဘယ်တော့မှ အစအဆုံးမဖတ် ဘူး။ ဟိုလှန်ဒီလှန်....။:P ။ ဒီလှန်ဟိုလှန်။

ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးဆိုင်ရာ စာအုပ် ~~~~~~ ကိုဆန်းဝင်းရဲ့  “ဘုရား၊တရား၊သံဃာ”။ ၅ရက်လောက် အချိန်ယူဖတ်ခဲ့ရတယ်။

ပထမဦးဆုံး သောက်ဖူးတဲ့ အရက်~~~~~ ပြောရရင် အတော်ကို ငယ်ပါသေးတယ်။ မောင်နှမ ၀မ်းကွဲ ၈ယောက်ရှိမယ်ထင်တယ်. အဒေါ် အပျိုကြီးရဲ့  အခန်းကို ၀င်မွှေရင်း........တစ်တို့ဆီ သောက်ခဲ့ကြတာ။ အဟီး...သေချာမှတ်မိတယ်။ Johnny walker “ဘလက်လေဘယ်” ပဲ။:P ။ ကြံကြံဖန်ဖန်နော်...။

ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ အချိန်အတိအကျတော့ မမှတ်မိတော့ဘူး။ ရည်းစားနဲ့ ရန်ဖြစ်ပြီး သူငယ်ချင်းနဲ့ အပြင်မှ သွားသောက်တာပေါ့။ ၃ပင်လိမ်ပြီး သိုင်းကွက်နင်းပြန်ခဲ့ရတယ်။ အိမ်ပြန်ရောက်လို့ တော်သေးတယ်။ ၂ရက်လောက် ဆေးခွင့်ယူလိုက်ရတယ်။ ^_^

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)~~~~~~အောင်မော်။ ဒါတောင် ၅တန်းနှစ်လောက်မှ စခင်တာ။ ယောင်္ကျားလေးသူငယ်ချင်း သိပ်ရှားတယ်။ ခုများတော့....:D..အဲဒီလိုပါပဲလို့။

ပထမဆုံး ဆိုခဲ့သော သီချင်း~~~~~~~~~ မေဆွိ ရဲ့  “အိပ်ဆေးပေးပါ”

ပထမဆုံး ရည်းစားစကားအပြောခံရတဲ့ နေ့~~~~~~ (၅) တန်း ကျောင်းပြန်စဖွင့်တဲ့ နေ့...။ ပြောတဲ့သူက ကျောင်းကား အတူတူ စီးတဲ့ ၁၀တန်းကျောင်းသား အစ်ကိုကြီး...။ ဘယ်လို ပြောတယ်မှတ်လဲ...ညီမလေး နင် ကြီးလာရင် ဘယ်သူမှ မကြိုက်နဲ့တဲ့။ ငါ့ကို ပဲ ကြိုက်တဲ့။ ခုများ ကလေးဘယ်နှစ်ယောက်ရနေပြီလဲ မသိဘူး။ :D

ပထမဆုံး ရေးတဲ့ကဗျာ~~~~~~ နာမည်မမှတ်မိတော့ဘူး။ အမေ့ ကျေးဇူးအကြောင်းလေးပါ။ အဲဒီတုန်းက ၁၅ နှစ်။

ပထမဆုံးရောက်ခဲ့သော အခြားမြို့~~~~~~ အမေ့ဗိုက်ထဲမှာပဲ ရှိသေးတယ်။ ကိုယ်ဝန်ကြီးနဲ့ အမေက ကျိုက်ထီးရိုး ခြေလျှင် တက် သတဲ့။ တော်သေးတယ်...။ ဘာမှ မဖြစ်လို့...။ >.<

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား~~~~~~ စင်္ကာပူ....။

ပထမဆုံး ပစ်ဖူးသော သေနတ်~~~~~~ လေသေနတ်...။ ရှမ်းပြည်မှာ အစ်ကို နဲ့ အတူ သွားပစ်တာ...။အဲဒီတုန်းက ထွက်သွားတဲ့ ကျည်ဆန်တွေ ဘယ်ရောက်သွားလဲ ခုထိ စဉ်းစားမရသေးဘူး...။ အဟဲ။

ပထမဆုံး ဘလော့ပို့စ်~~~~~~နေ့စဉ်ဘ၀ ဆိုတဲ့ ခေါင်းစီးလေးနဲ့....။ ကျောင်းနောက်ဆုံးနှစ်မှာ လုပ်ဖြစ်တယ်။ ကျောင်းပြီးတော့ ဘယ်နားရောက်သွားလဲ မသိတော့ဘူး။ အင်္ဂလိပ် ဘာသာနဲ့ပေါ့။ ခုလက်ရှိဘလော့က တတိယမြောက်...။ ဒုတိယဘလော့ကလည်း ဘာချောင်ရောက်သွားပြီလဲ မသိတော့ဘူး။

ပထမဆုံးဖတ်တဲ့ဘလော့~~~~~~တော့တိုး။

ပထမဆုံး ရင်းနှီးခင်မင်တဲ့ ဘလော့ဂါ~~~~~~ blackdream21. (နာမည် အရင်းမသိပါ။ သိလိုက သွားမေးနိုင်ပါသည်။) ^_*

ပထမဆုံး သွေးမြင်ဖူးတဲ့ အချိန်~~~~~~ ၈နှစ်သမီး။ အစ်ကိုနဲ့ အတူ အရှေ့  ခြံထဲက သစ်ပင်ပေါ် တက်ဆော့တာ...။ ကျမက တက်ဖို့ ကြိုးစားတုန်းရှိသေးတယ်။ အစ်ကိုက အပင်ပေါ်ကနေ ဒိုင်ဗင်ထိုးချတာ ထင်တယ်။ ဘေးက ပျဉ်မှာ ထောင်ထွက်နေတဲ့ အိမ်ရိုက်သံနဲ့ ခြစ်မိပြီး ညာဘက် နားရွက် အရေခွံလန်သွားတာ..။လားလား.......သွေးတွေ အများကြီးထွက်တယ်။သူကတော့ မနာသလိုပဲ လူကြီးတွေ သွားမပြောနဲ့နော် တားသေးတယ်။ အင်းလို့ ခေါင်းညိတ်လိုက်တယ် ထင်တာပဲ။ ဘယ်ရမလဲ အိမ်ပြန်ရောက်တာနဲ့ တွေ့တဲ့ သူကို လက်ဆွဲ ပြီး အော်ငိုတာ... အဟိ...။ အဲလို လိမ္မာတယ်...။ ၁၀ချက် ချုပ်လိုက်ရတယ်လေ။

ပထမဆုံး နှစ်ခြိုက်မိတဲ့ မွေးနေ့လက်ဆောင်~~~~~~အသက် ၁ရနှစ်ပြည့် တုန်းက သူငယ်ချင်းတစ်ယောက် ၀ယ်ပေးတဲ့ “မောင်စိန်ဝင်းရဲ့  ရတနာခြေရာများ” ကဗျာစာအုပ်.....။

ပထမဆုံး ကိုယ်ပိုင်ဂစ်တာ~~~~~~ကိုကြီး ၁၀ တန်းအောင်လို့ ဦးလေးက လက်ဆောင် ပေးတာတဲ့။ လက်နာလို့ သူမတီးဘူး။ သူ့ ညီမ ကျမကို ပြန်ပေးတယ်။ နင်လိုချင် ယူတဲ့။ ဟီး ဟီး အစ်ကို ကပ်စီးနဲဆီက ပထမဆုံးရဖူးတဲ့ လက်ဆောင်လို့ ပြောလည်း ရတယ်။

ပထမဆုံး အလုပ်~~~~~~ညဘက် စက်ပြင်ဆရာ...။ ၂နှစ်လောက် ဇီးကွက် ဖြစ်ခဲ့တယ်။


ဟုတ်ကဲ့။ ပြန်စဉ်းစားလို့ ရသလောက် ပထမများကို ရေးပြီးပါပြီ။ အချိန်မရတဲ့ ကြားက အချိန်လုပြီးရေးပေးတာမို့လို့...ကျေးဇူးမတင်လည်း ရပါတယ် ကိုဖုန်းမြင့်ရှင့်...။ :P ။ ဘယ်လိုမှ သဘောမထားပါဘူး။ ဒီတစ်ခေါက်တော့... ဘယ်သူကိုမှ မ tagတော့ပါဘူး။ အားနာလို့ .........။

မှူးဒါရီ ရေးတဲ့ပထမများက တစ်ချို့  သူများအတွက် ဟာသမြောက်၍ ရယ်စရာရသ ပေးနိုင်လျှင်ပင် ၀မ်းသာမိပါကြောင်း............။

စကားချပ်။ ။ မှူးဒါရီသည် ပျော်တတ်သည်..သို့သော် ငပေါ မဟုတ်ပါ။ :P


မှူးဒါရီ ခံစား တင်ပြသည်။

5 comments:

ATN said...

ပထမဆုံးများ-က အကိုက စလိုက်တာပါ။

မောင်ဖုန်းက Tag လို့ ရေးပေမယ့် အတူတူလို့ပဲ သဘောထားပါတယ်း)

ဖတ်လို့ကောင်းတဲ့ ပထမဆုံးလေးတွေပါ။

မှူးဒါရီ-ဆိုတဲ့ ကဗျာရေးသူတယောက်က
အောင်သာငယ်-ဆိုတဲ့ ကဗျာရေးသူတယောက်ကိုလည်း သိမှာပါ။

ခင်မင်စွာ

Kaung Kin Ko said...

အမယ် ညီမက အစ်ကို့ ထက်တောင် လိုင်းစုံပါလား။အစ်ကိုက ဆေးလိပ် မသောက်ဖူးဘူး

Mhu Darye said...

ဟာ....ခုအသက်အရွယ်အထိ ဆေးပေါ့လိပ်ပဲ သောက်သလား ဒါဆို??
^_^

mgphonemyint said...

မှတ်သားမိသော ပထမဆုံးတွေပါပဲ

ပထမဆုံး သွေးမြင်ရတဲ့ အချိန်မှာ ၁၀ ချက် ချုပ်ရတယ်...။

ပထမဆုံးသောက်တဲ့ အရက်က ဘလက်တဲ့ အဒေါ် အပျိုကြီး အခန်းထဲက ရှာတာတဲ့

ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ်...
ပထမဆုံး စားဖူးတဲ့ ကွမ်းယာ
ပထမဆုံး ရည်းစား စကားပြောခံရတော့ ၅တန်း..... လန်းတယ်နော်...

Mhu Darye said...

တကယ့်ကို အမှတ်တရ ပထမဆုံးတွေပါ ကိုဖုန်းမြင့်ရဲ့ ....။

ဒါတောင် တစ်ချို့  ပထမလေးတွေ ချန်ခဲ့ရသေးတယ်။

ဘာလဲဟ..ဘာလဲဟ ဖြစ်ကုန်မှာ စိုးလို့..... ^_^

ကောမန့်ပေးတာ ကျေးဇူး....။