Thursday, June 18, 2009

“နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့”


(တိမ်တွေဟာ အစဉ်သဖြင့် ရွေ့ လျားနေကြတာပါပဲ။ မျက်တောင်တခတ်မှာ လေဟုန်စီးပြီး ခပ်မြန်မြန်ပြေးတဲ့တိမ်က ပြေးမယ်။ ပုံမှန်လေး အိနြေ္ဒရရ သွားတဲ့ တိမ်က သွားမယ်။ အမြင်အားဖြင့်တော့ သူတို့လေးတွေ ခရီးတော်တော် ရောက်နေပါလိမ့်မယ်။ ဒါပေမယ့် မြန်မြန်ပဲဖြစ်ဖြစ်၊နှေးနှေးပဲဖြစ်ဖြစ်... သူတို့သွားနေတဲ့ ခရီးဟာ ကျယ်လွန်းလှတဲ့ ကောင်းကင်ပြာကြီးရဲ့  ရင်ခွင်ထဲမှာ သာ ဖြစ်နေမှာကိုတော့ သူတို့လေးတွေ သိပါ့မလားပဲ......။)

မိုးလင်းလင်းချင်း
ကျနော် လုပ်တဲ့ အလုပ်က သတိရခြင်းပါ။ ဘာကို သတိရခြင်းလဲလို့ မေးရင်...တနေ့တာ လုပ်ရမယ့် အလုပ်တွေကို မှတ်ဥာဏ်ထဲကနေ ပြန်လည်ဆင့်ခေါ် ခြင်းရယ်၊ ၊ ဘယ်လောက်ပဲ အသားကျအောင် ကြိုးစားနေထိုင်လည်း၊ မေ့ပျောက်မသွားတဲ့ ချစ်သူနှုတ်ခမ်းက မိန့်ခြွေဖူးတဲ့အတိုင်း ကျနော်နေ့တွေကို ပုံမှန်လည်ပတ် ရှင်သန်ဖို့ရယ်ပါ။
ကျနော်ကိုယ်တိုင်က လိုလိုလားလား ခေါင်းညိတ်ဝန်ခံခဲ့လို့သာ၊ တကယ်တမ်း သာမာန်ရိုးကျတဲ့အတိုင်း ရှင်သန်နေထိုင်ဖို့ဆိုတာ သူနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်းမှာ၊ ထင်သလောက် မလွယ်ကူခဲ့ဘူး။ သူနဲ့လမ်းခွဲ လိုက်ရတဲ့နောက်ပိုင်းမှာဆို၊ သာပြီးတောင် ခက်ခဲသွားခဲ့ပါတယ်။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ဘူး။ ပြန်မဖြစ်နိုင်တော့ဘူး။ ဆိုတဲ့ စကား၃ခွန်းဟာ ကျနော်တို့ရဲ့  အတိတ်၊ပစ္စုပ္ပန် နဲ့ အနာဂတ်ပါပဲ။ ယုံမလားလို့ မမေးပါဘူး။ ယုံပါလို့လည်း မတိုက်တွန်းပါဘူး။ တကယ့်ကို မဖြစ်နိုင်ခြင်းကိုမှ ကျနော်တို့ စိန်ခေါ်ကစားခဲ့ကြတာပါ။ ကျနော့်အမြင်မှာက ချစ်လွန်းတော့လည်း မိုက်မဲခဲ့ကြတာပါ။ သူ့ အမြင်မှာတော့ ဘယ်လို ယူဆထားမလဲ ကျနော် မသိဘူးနော်။
ဒီစာကို ရေးနေလက်စမှာပဲ စောနက ဖျော်ပြီးချထားတဲ့၊ ကျနော့်မျက်စိရှေ့ က ကော်ဖီခွက်ကို ကောက်ကိုင်ပြီး မော့ချလိုက်တယ်။ ကော်ဖီက ကုန်နေပြီ။ ကျနော် သတိမထားလိုက်မိဖူး။ ကော်ဖီ ထပ်ဖျော်ရဦးမယ်။ သူရော အိပ်ယာက နိုးနေပြီလား?။ ကွန်ပြူတာရှေ့ ကထလည်းထ၊ တွေးလည်း တွေးရင်း မီးဖိုချောင်ထဲ ရောက်တဲ့ထိတိုင် ကျနော် ဆက်တွေးသွားမိတာ သူ့ အကြောင်းတွေချည်း ဖြစ်နေပါတယ်။
ဒါနဲ့ ဟိုသီချင်းလေးကို သွားသတိရတယ်ဗျာ...။ The Best of Melody World စီးရီးထဲက ကိုထက်နေခြည်ရဲ့  “နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့” ဆိုတဲ့ သီချင်းလေးပေါ့။ ကော်ပီလား ဘာလားတော့ ကျနော် မသိဘူး။ နားထောင်ကြည့်ပါဦး...




Intro: [ D A G ]
(V1)
D Em
ညလေးများ...ကိုယ်အိပ်ပျော်ဖို့ခက်နေ
A D G A
အာရုံမှာ အိပ်မက်များမှာလဲ မင်းမျက်နှာ...
D Bm Em D Em A
ငြိမ်သက်ပြီးစောင့်...ကိုယ့်ရင်ကို တစ်ခါ ပြန် လှုတ်ခတ်ဖို့
G D A Gbsus4 Gb
ဆွဲငင်တဲ့မင်းဟာ...သိပ်ပြီး တန်ဖိုးကြီးတယ်...

(V2)
D Em
မြေပြင်ကမ္ဘာ ဟိုကောင်းကင်ကြီးထက်မှာ..
A D G A
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ
D Bm Em
ရှောင်လို့ တိမ်းလို့ မလွတ်နိုင်ပါ...
G Em A
ကြုံဆုံတဲ့ မင်းနဲ့ ဘ၀...
G A D Bb C
ရှေ့ ကို ဘယ်လိုများ ရင်ဆိုင်ရမှာ.........

CHO: D G Gbm
နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့ တိုးမိ (တိုးမိ)
Em A D G A
မေ့ပျောက်ဖို့ အားထုတ်မှ ပိုမိုကာ သတိရမိ...
D G Gbm
နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ တိုးမိ (တိုးမိ)
Em A G D
မေ့ပျောက်ဖို့ အားထုတ်မှ သတိကရနေပြန်မိ

(V2) (CHO:)

Em A D Bm B
အားနည်းချက်တွေရှိလို့ ရှောင်ဖို့ ကြိုးစားခဲ့သူမှာ........
Em E A
အသည်းနှလုံးရဲ့  ခြေလှမ်းကို တားလို့မရပါ

(CHO:)
Music; D Em D G D (Fine)

မှူးဒါရီ မျှဝေခံစားသည်။

2 comments:

အိန္ဒြာ said...

မှူးရေ...

နောက်ဆုတ်ဖို့ကျိုးစားလို့မရရင် ရှေ့သာဆက်တိုး
အားပေးတယ်...
သီချင်းလေး...ကို.နားထောင်သွားကြိုက်သွားပါတယ်..

Anonymous said...

အဲ့သီချင်း ကျနော်လည်းကြိုက်တယ်ဗျ