Friday, July 24, 2009

“နိုင့်ထက်စီးနင်း နောင်တ”


အကျီ င်္ အသစ်နဲ့ ခန္ဓာအဟောင်း
ပေစောင်းစောင်း ကဂျိုးကဂျောင်...

ခြုံစောင်နဲ့ ခေါင်းအုံး ဆီက
မျက်ရည်နံ့ဟာ ထိုးထိုးထောင်ထောင်..

လက်ကိုင်ရိုးကျိုး ကော်ဖီမက်ခွက်ထဲက
အ၀ါရောင် ယစ်ရည် တ၀က် နဲ့
အိုးပျက် အိမ်ပျက် စာသားများ..

အခန်းဝမှာ ကျန်ရစ်တဲ့ အိပ်စက်ခြင်း
ရယ်ရခက် ငိုရခက် ဖြစ်နေဆဲ ပူလောင်မှု

ယင်တလောင်းလောင်းနဲ့
အိပ်မက့်ကို နင်းချသွားတဲ့
ပုတ်အဲ့ညစ်ပေနေတဲ့ ခြေရာ...များ ပြကွက်

အတိတ်ကို အတိတ် သာ ဖြစ်နေစေဖို့......................ပါ

ဇတ်ကျိုးနေတဲ့ မျှော်လင့်ချက်တို့အား
ပင့်ရွက်ထားတဲ့ ပခုံးတဖက်
ကုတ်ဖဲ့ ရန်ရှာ ခံခဲ့ရတဲ့ ည.............။

မှူးဒါရီ

4 comments:

အဝေးရောက် ပင်လယ် said...

ကဗျာ ဖတ်သွားကြောင်းပါ ..။

အိုင်လွယ်ပန် said...

ဟုတ်တော့ဟုတ်တယ်
ဆူးဆိုတာ အဝင်လွယ်သလောက်
နှုတ်ရသိပ်ခက်တယ်ဗျာ ....

ရွှေပြည်သူ (ShwePyiThu) said...

“ခြုံစောင်နဲ့ ခေါင်းအုံး ဆီက
မျက်ရည်နံ့ဟာ ထိုးထိုးထောင်ထောင်..”

အဖွဲ့လေးက ဆန်းလိုက်တာ မှူးဒါရီရယ်... ကဗျာတစ်ပုဒ်လုံး ဖတ်ပြီးမှ ခေါင်းစဉ်ကို ပြန်ဖတ်တော့ ပိုအဓိပ္ပါယ်ရှိသွားပါတယ်...

ကြယ်ပြာ said...

ဒီကဗျာလေးလဲ ကောင်းတယ် ... စားသားအသုံးလေးတွေဆန်းတာ သဘောကျမိတယ် ...