Saturday, August 8, 2009

”ခုတလော ...လေနေတယ်” အစချီ

တွေးနေမိတာက
သိန်း၃၀၀ ထီပေါက် ရင် ကောင်းမယ်။
 
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထီမထိုးပဲ ထီမပေါက်နိုင်တဲ့ အကြောင်းး ..။

ကျန်းမာရေး 
 
နှာစီး ချောင်းဆိုးလေးတောင် မဖြစ်ဘူး။

ဖတ်ဖြစ်တဲ့စာအုပ်က
နံရံ၏အခြားတဖက်၌ (ဂျူး)

ရောက်နေဖြစ်တာက
အမေ့နဘေး နားဆီ(စိတ်ကူး လေးနဲ့) ...။

ရေးဖြစ်နေတာက
တပိုင်းတစ ကဗျာယောင်ယောင်တွေ...။

နားထောင်ဖြစ်နေတာက
မေးလ် ထဲကို ပို့ပေးတတ်တဲ့ “For u...” ခေါင်းစီးစာတန်းနဲ့ သီချင်း များ

ရွတ်နေမိတဲ့ကဗျာက
*သင့် ကို နံနက်ခင်းထဲက ထွက်ခွင့် မပြု နိုင်ဘူးး*
မှတ်ချက်။ ။ချစ်မကြီး ပို့ ပေး တဲ့ ကဗျာရွတ် သံကို အားကျ၍ လိုက် ရွတ်မိပါသည်။

ဖြစ်ချင်နေတာက
လူဆိုရင်လည်း လူပီပီသသ ဖြစ်ချင်တာ...။

စားဖြစ်နေတတ်တာက
စိတ်ကူးတည့်ရာ..။

သနားနေမိတာက
သနားလွယ်တတ်တဲ့ ကိုယ့်ကိုယ်ကို ..။
 
လွမ်းနေမိတာက
လွမ်းစရာတွေ မရှိသေး မသိသေးတဲ့ ငယ်ဘ၀..။

မေ့လျော့ပစ်နေမိတာက
မေ့သင့်မေ့ထိုက်တာတွေ ..

ခါးသက်နေမိတာက
ငွေ ပါမှ ပြီးမယ့် ကိစ္စ တချို့  ..။

တမ်းတနေမိတာက
မတမ်းတတော့သလိုနဲ့ တောင့်တ နေမိဆဲ သူ ..။

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်လိုချင်တာကို ရအောင် ယူတတ်တဲ့ သူနဲ့
သူတပါး စိတ်ချမ်းသာဖို့ ကိုယ့် ဆန္ဒ တွေကို စွန့်လွှတ် အနစ်နာခံတတ်တဲ့ သူ...။

ကြိတ်ပြီးအထင်သေးနေမိတာက
နိုင်ထက်စီးနင်း ရှိတတ်လွန်းတဲ့ လောကဓံ။

ဆန္ဒမရှိတဲ့နေရာ
ဆန္ဒ တွေ မပြည့်စုံလာနိုင်တော့ တဲ့ အတိတ် ..။

ဆန္ဒရှိနေတဲ့ကိစ္စ
အလုပ်မြန်မြန် ရဖို့ ..။

မုန်းတီးနေမိတာက
သမုဒယနွံ ။

ချစ်နေတာက
အမှန်တရား ..။

စိတ်ပျက်နေမိတာက
ပစ္စုပ္ပန် ..။

စွဲလန်းနေမိတာက
မပိုင်ရသေးတဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး ..။

လိုအပ်နေတာက
ချွင်းချက် မရှိ တဲ့ သတ္တိ ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
“မတည်မြဲ တဲ့ လောကကြီး

ဝန်ခံချင်တာက
အဆင်မပြေဘူး။

စာကြွင်း။ အကိုကြီး အောင်သာငယ် တက်ဂ်လို့ပါ။ လက်ဆင့်ကမ်း တက်ဂ်ချင်တဲ့ သူ ၃ယောက် ရှိပါတယ်။ ၁) အိပ်မက်နက်ကြီး (black dream)။ ၂) ချစ်မ အမရာ။ ၃)နွေညို ( ရင်ခွင်အခန်း ၄ ) 
မအားတဲ့ ကြားက အချိန်ပေးပြီး ရေးပေးကြမယ် လို့ မျှော်လင့်ပါတယ်။
း)
တက်ဂ်ချင်တဲ့ ညီမ ငယ်တယောက် တိုးလာလို့၊ မသိမသာလေး အောက်ဆုံးမှာ လင့် ထပ်ချိတ်လိုက်ပါတယ်။ သူက ၄) ရွှန်းမီ (စုံစီနဖာ စာမျက်နှာ ပိုင်ရှင်လေး) ပါ..။း)


မှူးဒါရီ  

8 comments:

ATN said...

အဆင်မပြေဘူး... အဆင်မပြေဘူး...
အော်သံတွေက တူလှချည့်...

ကဲ ...
ခုတလောမှာ
ပျော်ပျော် နေကြရအောင်ပါ...း)

အဆင်မပြေလည်း အတူတကွ ပျော်ပျော်ပါးပါးပေါ့...
မဟုတ်ဘူးလား...

ရေးပေးတာ ကျေးဇူးပါ ငါ့ညီမ...

ကိုရင်နော်ခင်လေးငယ် said...

သိန်းသုံးရာ နည်းတယ်လေ မှူးမှူးရယ်... TOTO ခြောက်သန်း လောက် မပေါက်ချင်ဘူးလား..း)

သင့်ကို နံနက်ခင်းထဲက ထွက်ခွင့် မပြုနိုင်ဘူး... ကတော့ အလွတ်တောင် ရနေပြီ.. တကယ်..

“အဆင်မပြေဘူး” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားတာ မိုက်တယ်.. ဟုတ်တယ်.. ဒါကို ဘယ်သူမှ ဝန်မခံကြဘူး.. တကယ်တော့ ဘယ်သူမှ အဆင်မပြေကြတာ သေချာတယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

emayarKhin said...

နေကောင်းလား မှူး.....ဒါနဲ့စကားမစပ်..
ပိုက်ဆံကြိုပွိင့်နဲ့ချည်းနော်....သိန်း၃၀၀
ပေါက်ရင် သိန်း၄၀၀ထဲပါ....:P

ခင်မင်စွာဖြင့်
အမရာ

mgphonemyint said...

အဆင်ပြေနိုင်ပါစေ...း)

အိန္ဒြာ said...

မှူးဒါရီ....ညီမလေး

ဂစ်တာပါသယ်လာမယ်ဆို...

အဆင်မပြေခြင်းသီချင်းဆိုကြမယ်..။

မေဓာဝီ said...

ညီမလေးရေ ...
ခုတလော လေနေတယ် လာဖတ်သွားတယ်။
အစစ အဆင်ပြေပါစေ ...

မမေ

ဆောင်းယွန်းလ said...

တမ်းတနေမိတာက
မတမ်းတတော့သလိုနဲ့ တောင့်တ နေမိဆဲ သူ ..။

ဆက်လက်တမ်းတခွင့်ရှိစေသတည်း.............
ကဗျာတပုဒ်ကိုဖတ်ရသလိုပါပဲလားညီမလေးရေ

Unknown said...

မှူးရေ...

အခုတလောတဲ့လား..

အခုတလောလည်းအဆင်ပြေပါစေ....
နောင်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေဗျာနော်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)