Friday, January 22, 2010

“အချစ်”

သူ့နဲ့ စကားပြောရတာ ပျော်လိုက်တာ......
စက္ကန့်လေးများ ရပ်သွား၏

သူ့  အပြုံး လမင်းဆို
ကိုယ့်နှလုံးအိမ်သည် ပဒုမ္မာ.....

ရက် ၃၀၊ နှစ်ကြိမ် တွေ့  ရုံ လေးလည်း
ရင်ခုန်တယ်။

မှူးဒါရီ


စာကြွင်း။ ။ ရင်ခုန်တိုင်းလည်း အချစ်မဟုတ်ပါတဲ့.........။ ဟုတ်၏။ မဟုတ်၏။ မသိ။

5 comments:

အိုင်လွယ်ပန် said...

ဂလိုလား ..
အချစ်ဆိုတာ :)

နွေညို said...

လိုက်မမှီဘူးး) Update News တွေကို . . .

နွေဆူးလင်္ကာ said...

ဟုတ်ပ ရင်ခုန်တိုင်း အချစ်မဟုတ်ပါဘူး။ ဘာတဲ့ ကြားဖူးတာ ဝါဝါမြင်တိုင်း အီးတုံး အဲ ရွှေအစစ်မထင်နဲ့တဲ့ :-)

Mhu Darye said...

@အိုင်လွယ်ပန်=ဂလို ထင်တာပဲ.. မသိပေါင်။
@နွေညို=ကဗျာကို ကဗျာလိုဖတ်...ကဗျာလိုမှန် အိုကေ? :P
@နွေဆူးလင်္ကာ=မနောက်နဲ့လေ..အတည်ရေးထားတဲ့ ဟာကို :)

လင်းဒီပ said...

အချစ်ကို ရိုးရိုးလေးဖွဲ့ဆိုထားသော...