Thursday, January 28, 2010

“အပြင်းစား ရစ်သမ်”

တကယ်မကြားရတော့တဲ့ အသံတွေ
ပဲ့တင်နေတဲ့ နားစည်....

တကယ်မလှုပ်ခတ်ပဲ မြည်နေတဲ့
ဂစ်တာ...

နှလုံးသား ငြိမ်ဆေးလေး စားပြီး
အိပ် ယာ ၀င် နေကျ သံသရာ

နင့်ရင်ခွင်ဟာ ဘယ်လောက် နွေးလိမ့်မလဲ အတွေးကို
ခေါင်းအုံးထားတဲ့ ဒီဇင်ဘာ...

မနက်ဖြန် (သို့) ဘယ်သောအခါတွင်
မေ့ရန်...။

မှူးဒါရီ

3 comments:

နွေဆူးလင်္ကာ said...

မနက်ဖြန် (သို့) ဘယ်သောအခါတွင်
မေ့ရန်...။
ကျနော်တော့ မေ့ဖို့ကို မေ့နေတာပါပဲဗျာ။

ဂျေဂျူဝိုင် said...

ဒီကဗျာကို ဒီမှာ တစ်ခါ လာပြန်ခံစားပါကြောင်း

အိုင်လွယ်ပန် said...

ခဏတာလေး နွေးခဲ့ ဖူးတဲ့
တစ်ချို့ ကိစ္စရပ်တွေ
မေ့ဖို့ ပြန်ကြိုးစားတိုင်း
နွေးထွေးမြဲ နွေးထွေးနေတုန်း
အခွင့်ရှိရင် ပြန်လည်လာဦးမယ့် သံသရာ
မနက်ဖြန် (သို့) ဘယ်သောအခါ ..။