Tuesday, February 2, 2010

“အစိမ်းရောင်တွေ ရွာချတဲ့ ညနေ”

၅မိနစ်စာ ငြိမ့်ငြိမ့်လေး လောင်ကျွမ်းလိုက်ရုံ
ဘ၀ တခုစာ ပြာမှုံလို ကျန်ရပြန်ပြီ ကျော်..................

အလုအယက် ရှုပ်ထွေးသွားတဲ့ ထွက်သက်တွေထဲ
နာကျင်ခြင်းတွေ တစကနေ နှစ်စ၊
နောက်ထပ် တစပြီး မက တစ...
ဘယ်ကစပြီး ၀မ်းနည်းရမှန်း မသိတော့အောင်ပဲ...။

မလှုပ်ခတ်ပဲ နေနိုင်ရိုးလားကွာ
မင်းအထိအတွေ့မှာ
ဖျတ်ဖျတ်လူးအောင် လွင့်နေမယ့် ငါက
စွယ်တော်ရွက် တခြမ်းပဲ့လေးလေ

လေးနက်ခဲ့ဖူးတာတွေ
လွယ်လွယ်တော့ ဘယ်မေ့မှာလဲ ပြီးရင်၊
နှုတ်ဆက်ထွက်ခွာသံနောက်က
အိုကေ ဆိုတဲ့ ငါ့နှုတ်ခမ်း တုန်များသွားသေးသလား.............?

မျက်တောင်မခတ်ဝံ့လို့
ခေါင်းမော့ပစ်လိုက်ရတဲ့ အချိန်မှာတောင်
ငါ့ကိုငါ မုန်းတာထက်၊
မင်းကို ချစ်တာက ပိုမှာပါ...။

မှူးဒါရီ

6 comments:

အိုင်လွယ်ပန် said...

အဆင်ပြေပါစေဗျာ ..။
ကောင်းသောနေ့ပါ :)

သွယ်လင်းဆက် said...

အဟဲ.... မိုက်တယ်။ "မျက်တောင်မခတ်ဝံ့လို့
ခေါင်းမော့ပစ်လိုက်ရတဲ့ အချိန်မှာတောင်
ငါ့ကိုငါ မုန်းတာထက်၊
မင်းကို ချစ်တာက ပိုမှာပါ" တဲ့။

ဗညားရှိန် said...

ခံစားချက်ရော အရေးအသားပါထိရှစေတဲ့ ကဗျာလေး . . . ကောင်းလိုက်တာ

အလုအယက် ရှုပ်ထွေးသွားတဲ့ ထွက်သက်တွေထဲ
နာကျင်ခြင်းတွေ တစကနေ နှစ်စ၊
နောက်ထပ် တစပြီး မက တစ...
ဘယ်ကစပြီး ၀မ်းနည်းရမှန်း မသိတော့အောင်ပဲ...။

နွေဆူးလင်္ကာ said...

ငါ့ကိုငါ မုန်းတာထက် မင်းကို ချစ်တာက ပိုမှာပါ ...။
ချစ်တာချစ်ပါ ကိုယ့်ကိုကိုယ်တော့ သိပ်မမုန်းပါနဲ့ဗျာ။

နွေညို said...

စိတ်ထဲ နင့်နင့်နဲနဲခံစားရပါတယ် . . . အရမ်းကောင်းတယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့စကားလုံး အသစ်ရှာရအုံးမယ် . . ဒီကဗျာအတွက်...


ပျော်ရွှင်ပါစေ . . အစ်မရေ.

အောင်သာငယ် said...

ကောင်းတယ်...