Tuesday, August 31, 2010

အရူး ၃


နင်က ပင်အပ်ကလေး...
ငါက ဆပ်ပြာပူဖောင်းကလေး၊
နီးစပ်ရေးတွေ အကြောင်း
ထိုင်ထိုင်ပြောပြီး သဘောကျ၊
တနေ့တော့ ဘာအကြောင်းပြချက်မှ မရှိလည်း
ဝေးကြမှာ သိတယ်
ဝေးခါမှ ဝေးရောကွယ်။

လွန်မြောက်လိုခြင်းနဲ့
လွတ်မြောက်လိုခြင်းက
သံတူကြောင်းကွဲလား...?

နှုတ်ခမ်းနီလေး တတွန့်စာ
ကိုယ့်ကိုယ်ကို မြမြရှရှလေးဖွင့်လိုက်တယ်
တောက်လောင်နေတဲ့ သူ့ ခမျာ
စိတ်ကူးပေါက်ပေါက်နဲ့
သဲထဲသွန်ချပစ်လိုက်ပြန်..။

မဖြစ်နိုင်ပါဘူးကြောင့်
ဖြစ်နိုင်တာတွေတောင် မဖြစ်လာတော့ဘူးဆိုရင်
မဖြစ်နိုင်ပါဘူးနဲ့ မဖြစ်ရေးချ မဖြစ်သေးဘူး။

မျှော်လင့်မိပြီဆိုတော့.. ... ..
မမျှော်လင့်ကောင်းတာတွေ ဘာရယ်ညာရယ်
ကွဲကွဲပြားပြား မသိနိုင်တာမျိုးပါ

နင့်ရဲ့ မနက်ဖြန်ဗယ်လက်ကို
ငါ့ရဲ့  ဒီကနေ့ရဲ့  ညာလက်နဲ့ ချိတ်ဆက်ထုံးဖွဲ့ ပြီးပါပြီ

ဘယ်လိုပုံသေနည်းတွေနဲ့ဖြစ်ဖြစ်
အမှား နှစ်ခု အမှန်ဖြစ်လာမယ့် တနေ့အထိ
အရင်းအနှီးခပ်များများနဲ့
သူဌေးဖြစ်..ခွေးဖြစ်။

မှူးဒါရီ

2 comments:

နွေဆူးလင်္ကာ said...

လွန်မြောက်လိုခြင်းနဲ့ လွတ်မြောက်လိုခြင်းက သံတူ ကြောင်းကွဲ မဟုတ်လောက်ဘူး ..

နေ့အိပ်မက် said...

လောလောဆယ် ဖတ်ပြီးသမျှထဲမှာ ဒီတစ်ပုဒ်အကြိုက်ဆုံးပဲ။ သုံးထားတဲ့ တစ်လုံးစီကိုက တအားကြီးမိုက်နေတာ။ ဘယ်လက်က ဘကုန်းနဲ့ပေါင်းတာဟုတ်။