လှန့်တစေ
အသက်ရှူသွင်းတယ်။
တခုခု ဖြစ်တယ်
အသက်ရှူထုတ်တယ်။
လက်ဖျံရိုးတလျှောက် ကျင်ကနဲ
ရွေ့ လျားမှု ဖြစ်တယ်
ဝါကျတကြောင်းစီတိုင်းထဲသို့ ကျင်ကနဲ။
အသံက စိတ်အခြေနားထိ တိုးတိုးကပ်တယ်
ခြောက်ခြားမှု ဖြစ်တယ်
ရင်ဘတ်က တယ်လီဖုန်းခွက်ထဲထိ တိုးတိုးကပ်တယ်။
ကြောက်တယ်..(တဲ့)
ရယ်ရင်း ရင်နာလာတယ်။
ရင်နာနာနဲ့ ဆက်ရယ်တယ်။
ယုံကြည်မှုက အဓိကကျဆုံး အုတ်မြစ်ပါလို့။
ခင်ဗျားတို့ ကြုံဖူးကြရဲ့ လား။
ဝန်ခံချက်အနီးတ၀ိုက် ဗွက်ပေါက်လို့။
တံခါးခေါက်နေတာလည်း မိုးစက်တွေမှန်းသိရက်နဲ့ ။
ထွက်ခွာချိန်ကို နေ့ရွှေ့ ညရွှေ့။
ကျုပ်မှတ်ကျောက်ကိုက ညံ့ချက်ကွယ်။
မြန်မြန်ပြန်လာခဲ့လို့ မှာမိသေးတယ်။
အခြေအမြစ်မရှိဘူး။
အမှတ်သညာမရှင်ဘူး။
မှူးဒါရီ
2 comments:
သူငယ်ချင်းရဲ့ ကဗျားလေးတွေက သိပ်ကောင်းပါတယ် ။ မော်ဒန်ဆန်တယ် ဖတ်ရတာ အရသာရှိတယ်
Post a Comment