“သက်ရောက်မှု ကင်းသော”
သွားသာ သွားနေရ
ဘယ်မှလည်း မရောက်ပါလား
ကြာတော့လည်းးး
ကိုယ့် ခရီးကို ကိုယ် သံသယ ဖြစ်လာတယ်
ကိုယ်က လိုက်နေတာလား
သူက ရပ်နေတာလား...
ပြောင်းပြန်လည်း ဖြစ်နိုင်တယ်
မျက်လုံးတွေ ပိတ်ထားတော့လည်း မြင်တယ်
မျက်လုံးတွေ ဖွင့်ထားမိပြန်တော့လည်း မြင်တယ်
မမြင်ချင်လို့
တံခါးချပ်ကို ပိတ်ထားတာတောင်
ကိုယ့်ခေါင်း ထက်မှာ လာပွင့်တဲ့ လမင်းလေး မို့...
ခက်တော့ ခက်နေပါပြီ
ဘာဖြစ်ချင်နေတာလဲ မေးပြီးပြီ
ဘယ်လို ဆက်လုပ်မှာလဲ မေးပြီးပြီ
ဘာကြောင့်လဲ မမေးတော့ဘူး
ဘာတော့လောက် ပြန်လာခဲ့မလဲ မမေးတော့ဘူး
ဘယ်ကိုမှ မသွားချင်တဲ့အတူတူ
ပိုင်စိုးသူ သူ့အနားဆီ ရောက်ဖို့
အဟန့်အတားတွေ ပြယ်ပါစေသား ဆုတောင်းမိရင်
ပျောက်ရှသွားမယ့် ဆန္ဒတခုပဲ ဖြစ်ဦးမှာပါ...
မှူးဒါရီ
5 comments:
တကယ်တော့ ခုနထဲက ဒီကဗျာလေးကို လာဖတ်သွားသေးတယ်.. မန့်ဖို့ ဝင်ကြည့်သေးတယ်.. ကော်နက်ရှင်က လေးနေတော့ စိတ်က မရှည်ပဲ ပြန်သွားလိုက်တာ..း)
ကဗျာလေးတွေကို မကြာမကြာ လာဖတ်ဖြစ်ပါတယ်..
အားလုံးကြိုက်..
မျက်လုံးတွေ ပိတ်ထားတော့လည်း မြင်တယ်
မျက်လုံးတွေ ဖွင့်ထားမိပြန်တော့လည်း မြင်တယ်
မမြင်ချင်လို့
တံခါးချပ်ကို ပိတ်ထားတာတောင်
ကိုယ့်ခေါင်း ထက်မှာ လာပွင့်တဲ့ လမင်းလေး မို့...
ခက်တော့ ခက်နေပါပြီ
ခက်နေတာတွေကို ခက်နေတဲ့အတိုင်းသာထားလိုက်တော့ညီမရေ
ကောင်းလိုက်တဲ့ ခံစားချက်ကဗျာလေး
ဘာဖြစ်ချင်နေတာလဲ မေးပြီးပြီ
ဘယ်လို ဆက်လုပ်မှာလဲ မေးပြီးပြီ
ဘာကြောင့်လဲ မမေးတော့ဘူး
ဘာတော့လောက် ပြန်လာခဲ့မလဲ မမေးတော့ဘူး
ဘယ်တော့လောက်လို့ ဆိုလိုတာဖြစ်ပုံရပါတယ် ...
ခေါင်းစဉ်အစ စာသားတွေအဆုံး
နှစ်သက်မိပါရဲ့ .....
ဟုတ်တယ်... မှားရေးထားမိတာ..
ထောက်ပြပေးတာ ကျေးဇူး ကိုအိုင်လွယ်ပန်..း)
Post a Comment