Friday, January 1, 2010

“နင် တယောက်တည်း မဟုတ်ဘူး”

ကျွန်တော် လိမ္မာချင်တယ်
ဒီလို မဟုတ်ရင်လည်း
သူ့ ကို ပဲ့ကိုင်နိုင်ဖို့ ကျွန်တော် လိမ္မာပြချင်တယ်

ဖိတ်စင်သွားတဲ့ ရေတ၀က် အတွက်
ရေခွက်ကို မခံချိမခံသာ လွှတ်ချလိုက်တဲ့ လက်တွေက
နှူးညံ့လွန်းတဲ့ ဒေါသတွေနဲ့ ပူနွေး နေဆဲလား...

သူ့ လုပ်ရပ်ဟာ...သူ မြတ်နိုးတဲ့အရာအားလုံး
ခဏတွင်းချင်း ဆုံးရှူံးသွားစေနိုင်တယ်ဆိုတာ
သူကိုယ်တိုင်ရော သိရဲ့ လား...

မျက်လုံးစုံမှိတ်
အကောင်းဆုံးအထင်နဲ့
ရွေးချယ် ဖိတ်ခေါ်လိုက်ပြီး
ထင်သလို နှင်နေတဲ့ ခရီးဟာ.......
သူ့ မျက်နှာ မူ ရာ နဲ့ ဆန့်ကျင်ဖက်
မျှော်လင့်ခြင်းကို ၀ကွက် အဆက်ဖြတ်တော့မယ် သဘော...

သူငယ်ချင်းလေးရေ..................
မနေ့က ဆိုတာ...
ဖြစ်သလို မေ့သွားကြမယ့် နှစ်ဆယ့်လေးနာရီ ပေါ့
မနက်ဖြန်ဆိုတာ..
ဒီကနေ့ လုပ်ရပ်တွေရဲ့  အစွန်းထွက် ပါကွယ်
ဒီကနေ့ တိုင်းမှာ....
နောင်တ တထပ်နဲ့
နင့်ကိုနင် မီးခိုးမှိုင်းတိုက်နေဦးမယ့် ဇတ်ထုပ်ဟာ
မကြည့်ချင်တိုင်း ထထွက်သွားလို့ရတဲ့ အပေါစား ရုပ်ရှင်မှ မဟုတ်တာပဲ...

ခဏတာ အပျော်အတွက်နဲ့
ဘ၀ကို ပြောင်းပြန် မစုန်ဆင်းခင်
(ကျွန်တော် မေးချင်တာက...)
နင့်အပေါ် တွယ်တာတဲ့ တခြားသူတွေအတွက်ရော..
နင် လိပ်ပြာ သန့် နိုင် ပါ ပြီလား?

သွားမိပြီဆိုရင်တောင်...မှားမှန်းသိ ရပ်လိုက်လို့ ရသေးတယ်
ဝါးမိပြီဆိုရင်တောင်...ခါးမှန်းသိ ထွေးထုတ်လို့ ရသေးတယ်
နင် ကိုင် ထားတဲ့ လှော်တက်နဲ့
နင့်ကိုနင် သောင်တင်စေဖို့ကို လှော်ခပ်ကြည့်စမ်း...
နင့်အလာကို မျှော်နေတဲ့ ကံကောင်းခြင်းတွေနဲ့
တိမ်သားကင်းစင်တဲ့ ကောင်းကင်ပြာကို
နင့်မျက်နှာလေး မော် ပြုံး ကြည့် လိုက် ချိန်...
အတူတကွ ကျွန်တော် လည်း ပျော်ချင် လို့ပါ။

မှူးဒါရီ

1 comment:

နွေဆူးလင်္ကာ said...

ကဗျာကောင်းလေးပါ။ ဖတ်သွားပါတယ်။