အရှင်လတ်လတ်
မျက်ရည်အဖြစ်အနဲ့ပဲ စီးကျလာတယ်
လည်မြိုကိုဖြစ်ဖြစ်
နဖူးတည့်တည့်ကိုဖြစ်ဖြစ်
မညှာမတာ ဓါးနဲ့ဖြစ်ဖြစ်
သွေးအေးအေး သေနတ်နဲ့ဖြစ်ဖြစ်
အခုတော့ အရည်ကို ဆုတ်ချင်
အသားကို နွှာချင်
အရိုးခိုက်မတတ်
မျက်နှာမှာပေါ်နေတယ်
အရည်ခွံပဲပါးလွန်းလား
နာကျင်ခြင်းပဲ ပြင်းလွန်းသလား
မေတ္တာချို ချို့ တဲ့တယ်
မေတ္တာကို တောင့်တတယ်
အခြေအနေက ဆုံးမရ ပြန်စမရ
မျက်ရည်အဖြစ်နဲ့ပဲ စီးကျသွားတယ်
တစ်ချိန်တုန်းက
တစ်ခါတုန်းက
ငါ့လိုမျိုး
နင့်လိုမျိုး
အတိတ်ကလိုမျိုး
တစ်နေ့နေ့တော့ လည်း
ရှက်စိတ်နဲ့
ဝိဥာဉ်တစ်ကောင်လို
ကိုယ့်အိမ်ထဲက ကိုယ်ထွက်မိမယ်
ချစ်ခြင်းအမှောင်တွေ
အတင်းရုန်းကန်ကျောက်မိတယ်
(အိပ်မက်ဆိုရင်လည်း နိုးပါ)
ဝေဒနာ
ကြမ်းလွန်းလို့
ချာချာလည် ။
မှူးဒါရီ
No comments:
Post a Comment