Thursday, August 28, 2014



***
ရုံးခန်းထဲ ရောက်ပြီဆိုတာနဲ့ 
ခေါင်းလှုပ်ပြီး ပြုံးနေတဲ့ အဲ့အရုပ်ကလေးဆီ သွားတာပဲ 
ပျော်တယ်လည်း မဟုတ်ဘူး 
မပျော်ဘူးလည်း မဟုတ်ဘူး 
သူ့ ခေါင်းလေး လှုပ်မြဲလှုပ်နေတယ် 
ဘာမဆိုင် ညာမဆိုင် (ကိုယ့်မှာ)ခံစားရတယ် 
စကားလုံးတွေနဲ့ ထိထိမိမိ ပုံဖော်လို့ မရဘူး
နံရံမှာ ပင်အပ်လေးတွေ စိုက်ပြီး၊ ချိတ်ထားတဲ့
ကီးချိန်းတွေ အံဆွဲထဲ ထည့်လိုက်တယ် 
ကွယ်ဝှက်လိုက်တာလည်း မဟုတ်ဘူး 
ပစ်ပြယ်လိုက်တာလည်း မဟုတ်ဘူး 
မြင်ကွင်းထဲ ၀င်မလာဘူး 
ဒါပေမယ့် ရှိနေတယ် 
အသက်ရှူတိုင်း သိနေရတယ် 
အဲ့ဒီလိုမျိုး .. ရင်ထဲ ၀င်ကြည့်ပါ 


မှူးဒါရီ

No comments: