Thursday, January 15, 2015
စီမထားတဲ့ စာ
င့ါကို မလွတ်သွားအောင်
အသေအချာ ချည်ထားချင်တယ်
ရေထဲ ငါးကို လွှတ်ပေးလိုက်သမျိုး မဟုတ်ဘူး
စားကျက်ဆီ နွားကို လွှတ်ပေးလိုက်သမျိုး မဟုတ်ဘူး
လမ်းလျှောက်နေရင်းမှာ
အချိန်မရွေး တစ်ကိုယ်လုံး ကျွံဝင်နိမ့်ဆင်းသွားတော့မလိုလို
ယုံကြည်မှုနဲ့ ငါက ရန်သူ
ဒါပေမဲ့ ငါ့ကိုငါချစ်သလိုမျိုး မင်းကိုလည်းငါကချစ်ခဲ့တယ်
ဘ၀မှာ အခါ၁၀၀လောက်မှားဖူးလည်း
သေတဲ့ထိ အမှန်ထင်သွားကြသတဲ့
ရွေးချယ်မှုဟာ ကိုယ်ပိုင်ပစ္စည်းပဲ
ပြောချင်တာက ဒီအခြေအနေကို ကျော်ချင်ရင်
ဒီလမ်းကို မလျှောက်မှ ရမယ်
ရွေးချယ်မှု တစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့၊
ငါ့ကို ကျော်ချလိုက်တယ်
မဖြစ်ချင်တာတွေကို ထိုင်ကြည့်နေရတယ်
မကြည့်ချင်လည်း မျက်စိရှေ့ ကို သူတို့
ရောက်ရောက်လာတယ်
ပြန်ထဖို့ အဆင်မပြေတော့လို့ လဲလျက်စမှာ
မရှိပဲ ကုန်သွားသောစက္ကန့်များ၊ မိနစ်များ
အားသွန်ခွန်စိုက် ကြိုးစားမိတယ်
ဆန္ဒရှိသော တစ်စုံတစ်ရာမှ မြင်ကွင်းထဲတိုးဝင်မလာကြ
အချိန်မရွေး အစားထိုး အရံ၊
လူစားလဲလိုက်လို့ရမယ်
နာကျင်နေပါတယ်ဆိုတာ ငါဖွက်ထားတဲ့
ဦးထုပ်ထဲက ယုန်ကျားလေး၊
မျက်လှည့်ပြနေတယ်
"ဟုတ်ကနဲ"ဆို မီးခိုးလုံးကြီး ဖြစ်သွား
ငါဟာ ငါမဟုတ်
ငါ ဘာကောင်မှမဟုတ်
ငါ ဘယ်လောက်မှ အရေးမကြီး
ခရီးမဆုံးမချင်း မပွင့်ဖူးထိုက်သောပန်းများ (သို့)
ဘယ်တုန်းကမှ တကယ်မရှိသော စိတ္တဇ နာမ်များ
မှူးဒါရီ
Labels:
Diary
Subscribe to:
Post Comments (Atom)
3 comments:
လာဖတ်သည် စီသွားသည်
လာဖတ်သည် စီသွားသည်
ကဗျာတွေဖတ်ရတာ အသံပါထွက်လာသလိုပဲ
Post a Comment