Friday, April 22, 2016

လက်ဖျဉ်ရိုးတဆုံး၊ မပါရှိ


လွတ်မြောက်ချင်စိတ်ရှိသင့်ကြောင်း
ကိုယ့်အတွေးနဲ့ကိုယ် ...
ငေးလို့ ။

မှူးဒါရီ

Thursday, March 24, 2016

မလုံလောက်တဲ့အကြောင်းအရာတွေ/ဝေ


တစ်ချိန်ချိန်မှာ တစ်ခုခု ပြန်ပေးရမယ်လို့တွေးမယ်
နောက်ဆုံးခံတပ် လို့ အမည်ရွေးမယ်
စိတ်ရှိသလိုရယ်မယ်ငိုမယ်၊မေ့ပစ်ဖို့ကိုလည်းမေ့ပစ်မယ်

မှူးဒါရီ

Thursday, March 10, 2016

ငါ၏ ချစ်သော


အနာဂတ်တစ်ခုတည်း
အသက်ရှူပေါက်တစ်ခုတည်း
ကံတရားတစ်ခုတည်း

အမြဲမရှိခဲ့ပေမယ့်
အမြဲရှိခဲ့တယ် ။

မှူးဒါရီ

Thursday, February 25, 2016

"သည်ဆန္ဒက ငါနဲ့အဝေးကြီး"


တစ်နေ့နေ့ဆိုတာ မသေချာဘူး
အဲ့ဒါကို ငါချရေးထားတယ်
ရေတခွန်လိုပွင့်နေတဲ့ ခင်ဗျား၊ တအားလှတာပဲ
အကြိမ်ကြိမ် ရပ်ဆိုင်းထားရတယ် ။


မှူးဒါရီ
ညနေ ၃း၀၀နာရီ

Friday, February 5, 2016

#၀၁း၁၉


ဘာကိုမျှော်လဲ
အပြုံးကို ချွတ်ခဲ့တယ်
အမှန်တရားရှေ့ မှာ မျက်နှာဖုံးအတုဟာ ဘာလုပ်ဖို့
အမှား ၂ခု၊ ငါတို့ မှန်မလာ
ရယ်ရွှမ်းရွှင်ပျော်ဇာတ်တော်ထဲက
ခုတော့ သူ့မျက်နှာလေး အမြဲညို
အမုန်းတွေကိုစုထား မင်းလည်း ငါ့အတွက် ။

မှူးဒါရီ
၀၆။၀၂။၂၀၁၆

Sunday, January 31, 2016

မြိုချထားတဲ့ သက်တန့်တွေ

 < မြိုချထားတဲ့ သက်တန့်တွေ >

အလကားရလို့
စိတ်ကူးနဲ့ ခဏခဏ ငါသေကြည့်မိတယ်
ငါသေသွားရင် ။
ငါသေသွားရင် အနှစ်(၃၀)လုံးလုံးဦးချခဲ့တဲ့
ငါ့ချစ်ခြင်းမေတ္တာအလန်းစားကြီးအရင်
လိုက်သေမှာပဲ
ငါသေသွားရင် စုဆောင်းခဲ့သမျှ
ငါ့နောက်မပါတာတွေလည်း ငါ့ညီမလေးက
စီမံပေးလိမ့်မယ် ။
ငါသေသွားရင် ငါသံယောဇဉ်ကြီးခဲ့တဲ့
ငါ့ရည်းစားအကောင်းစားလေးကိုလည်း
ငါ့ဈာပနာလာဖို့ ဖိတ်လိုက်ကြလေ ..
အသုဘတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ကုသိုလ်ကို သူအရယူပါစေ။
ငါသေသွားရင်
ငါသေသွားရင် ရတနာသုံးပါးအာရုံပြု
လှူခဲ့သမျှကုသိုလ်တွေအကြောင်း
ယမမင်းရှေ့ မှောက်မှာ ပြန်မှိတ်မိချင်တယ်
ငါသေသွားရင် ငါ့ခန္ဓာကို သံဝေဂနဲ့
သူတို့ ကြည့်တတ်ပါစေ
ငါသေသွားရင်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မွေးဖခင်ကို တရားပြပါ
ငါသေသွားရင်
ဘယ်ဘ၀ရောက်ရောက်
သံသရာခရီးလမ်းဆုံးဆီ ရည်မှန်း၊ လှမ်းလျှောက်သူဖြစ်ချင်တယ်
ငါသေသွားရင်
ငါသေသွားရင်လို့
စိတ်ကူးနဲ့ အစမ်းသေကြည့်မိတယ် မကြာခဏ၊
လောလောဆယ်တော့
ရောက်နေတဲ့အရပ်မှာ
သေခြင်းတရားအကြောင်းပြောရင်
စိုးရိမ်တကြီးနဲ့ အရူးတစ်ယောက်လို ငါ့ကိုကြည့်တယ်
အလှည့်ဆိုတာရောက်မလာမှာကြလို့
သတ္တိရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားချင်တာပါကွယ်
ကွေးသောလက်မဆန့်ခင်များ ငါသေသွားရင် ။


မှူးဒါရီ
၀၁/၀၂/၂၀၁၆


Monday, January 18, 2016

My Diary My Soul


စာတွေအများကြီးရေးချင်တယ် ။ အခုချိန်မှာ ရေးသမျှကိုတော့ လိပ်ပြာသန့်စွာနဲ့ ကိုယ်ချမပြရဲဘူး။
ကိုယ့်စိတ်ဟာ တစ်ဝက်ဖြူ  ၊ တစ်ဝက်မဲ နေတာ။ ကိုယ့်စာတွေဟာ အပြစ်မြင်၊ဘက်လိုက်တာများနေတာ .. ကိုယ်မနှစ်သက်ပေမယ့် ရွေးချယ်စရာ ကိုယ့်မှာမရှိဘူး။ သတိရမိတိုင်း အပြစ်ပြုသူလို ခံစားရတယ်။ ဘ၀ဆိုတာကို အရိုးသားဆုံး ဖြတ်သန်းခွင့်လေးပဲ ပေးစေချင်ပါတယ်။ သူစိမ်းတွေပျော်တာကိုတောင် ကိုယ်လိုက်ပျော်ပေးနိုင်ခဲ့တယ် ။ ကိုယ်ချစ်တဲ့သူပျော်တာကိုလည်း..အပြည့်အ၀ကျွန်တော်လိုက်ပျော်ပေးချင်တယ်။
မျှော်လင့်သလို၊ မျှော်လင့်တိုင်း ဖြစ်ရမယ်လို့ ကျွန်တော် လောဘမကြီးပါဘူး။ အချစ်က နက်ရှိုင်းလွန်းတယ်။
ကျွန်တော် ခုန်မချနိုင်ခဲ့ဘူးမလား..ကျွန်တော့်အသည်းနှလုံးကို ကျေနပ်တဲ့အထိ ရိုက်ပုတ်ပါ။ အနက်ရှိုင်းဆုံး ဒဏ်ရာတွေ ပေးပါ။ ပြီးရင်တော့ အဖြူစင်ဆုံး မုန်းမေ့ခွင့် ပေးပါ။ ဒီလို ဆုတောင်းချင်တယ် ။ဆုတောင်းတိုင်းဟာ တစ်ဝက်မှာ ရပ်သွားတယ်။ ကိုယ်အမြင်မှန်ရတယ်။ ဆုတောင်းနေလို့ မရဘူး။ လုပ်ယူမှ ရမယ်ဆိုတာ
တွေ။ ဆက်ပြီး ဆုမတောင်းချင်တော့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်ချင်ခဲ့တယ်။ ကိုယ်ဟန်မဆောင်တတ်ဘူး။ မုန်းနေတာကို မုန်းနေတယ်လို့ ကိုယ်ပြောမထွက်ဘူး။ ရေးပြီး သိမ်းထားခဲ့တဲ့ကိုယ့်အမုန်းတွေက ကိုယ့်ကို ကြက်သီးထစေတယ်။ အချစ်ကြီးလို့ အမျက်ကြီးရတာပါလို့ ကျွန်တော် မဖုံးကွယ်ချင်ဘူး။
ဟန်ဆောင်နေတယ်ဆိုရင်တောင် ဘယ်လောက်ထိ မသိဟန်ဆောင်နေနိုင်မှာလဲ။နှလုံးသားက တံခါးခေါက်တိုင်း၊ ဖုန်းဖုန်းဒိုင်းဒိုင်း ကိုယ်ပြန်ပစ်လဲတယ်။ ပြန်ထတယ်။ ကျွန်တော့်အပြစ်တွေကို ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော့်အချစ်တွေကိုလည်း ကျွန်တော်တာဝန်ယူရဦးမယ်။ ဘယ်လောက်ထိများ တိုးဝင် နက်ရှိုင်းခဲ့ရသလဲ။ ဒီအမှောင်ထဲက ထွက်ချင်တယ်။ ကျွန်တော်ပြေးတယ်။ အားသွန်ခွန်စိုက်ပြေးတယ်။ ကျွန်တော့်
မြင်ကွင်းထဲ မရောက်အောင် ဝေးလွန်းတဲ့ တစ်နေရာမှာ ထွက်ပေါက်ရှိလိမ့်မယ်။ နေရောင်ခြည်နွေးနွေး
လည်း ရှိလိမ့်မယ်။ ချစ်ခြင်း အပေါင်း မေတ္တာဖြစ်ခွင့်လည်း ရှိလိမ့်မယ်။ ကျွန်တော့်အချစ်ဟာ နောက်အချစ်တစ်ခုနဲ့ အစားထိုးလဲလှယ်ဖို့ မဟုတ်ဘူး။ လှိုင်းပုတ်ချက်တွေ ပြင်းလေလေ၊ ကြံ့ကြံ့ခိုင်လေဆိုတဲ့ ကျောက်ဆောင်မျိုးသာ ကျွန်တော့အချစ်ပဲ။ ကျွန်တော့်အနာကို သဘာဝအတိုင်းပဲ ကျက်သွားစေချင်တယ်။ ကျွန်တော့်အနာအတွက် အချိန်ကာလတစ်ခုပဲ ကျွန်တော့်ကိုပေးပါ ။ ကိုယ့်အနာကို သူများလျှာနဲ့လာလျက်ပေးတဲ့ သာယာကြည်နှူးမှုမျိုး ကျွန်တော့်အတွက် မလိုအပ်ဘူး။ အခုနေ စင်္ကာပူစံတော်ချိန် မနက် (၇)နာ၇ီ (၄၅)မိနစ်။ ဆွဲအားတစ်ခုခုကြောင့် ကိုယ်နိုးလာတယ်။ မတွေးသင့်တဲ့ လူ၂ယောက်အကြောင်းတွေးတယ်။ နာနာမေတ္တာပို့ရင်းကပဲ
မျက်ရည်တွေတွေကျတယ်။ ဒီစာကို ကျွန်တော်ချရေးတယ်။ ကိုယ်တိုင်ရွးချယ်ခဲ့တဲ့လမ်းမို့
ကျွန်တော့်မျက်ရည်တွေကိုလည်း ကျွန်တော်အပြည့်အ၀တာဝန်ယူရမယ် ။ နောင်တကို ကျွန်တော်ပြန်အမ်းလိုက်ပါရစေ။ ရင်ဘတ်ထဲမှာလည်း ရှိနေတယ် ။အသည်းနင့်အောင် ချစ်ခဲ့တယ်။ ဘယ်လို စိတ်ထားမျိုးနဲ့ ခုလိုအချိန်တိုတိုလေးအတွင်းမှာ နောက်တစ်ယောက်ရင်ခွင်ထဲကို ကျွန်တော်ဝင်တိုးနိုင်မှာလဲ။ သူ့ အချစ်တွေကို အလေးထားသောအားဖြင့် ကျွန်တော်အားနာတယ်။ ဘ၀မှာ ကိုယ့်ကိုယ်ကို လိမ်ညာလှည့်ဖြားခြင်းမှ ထာဝရကင်းလွတ်ခွင့်တော့ ကျွန်တော်အပိုင်ရထားပါသေးတယ် မဟုတ်လား ။


မှူးဒါရီ
မနက် ၀၇း၄၅
၁၉။၀၁။၂၀၁၆

Sunday, January 17, 2016

My Diary

Silent.
A tightly sealed door.
Broken Bones.
Liar.

06:55am
01/18/2016



Thursday, December 24, 2015

တကယ်တော့


၁..
(တကယ်တော့)
အားလုံးဟာ 
ကယောင်ခြောက်ခြားနဲ့ 
ဘယ်နားဝတ်ရမှန်း မသိဘူးပြောခဲ့တဲ့
အနွေးထည်လေး အသုံးဝင်ရှာတယ် ။

၂.
ကောင်းကင်ကြီးကျယ်တယ်
ကြယ်တွေများလွန်းတယ်
မင်းဖြည့်လိုက်တဲ့ နေရာအလွတ်လေးဟာ
ဘာများ အပြစ်ရှိခဲ့လဲ ..။

၃.
မီးလောင်ပြာကျသွားစေချင်တယ် 
အနွေးဓာတ်လေးနဲ့ မင်းကြားမှာ
ငါ့ချစ်သက်လက်ဆောင်တွေ ခြားနေတယ်။

၎.
မနေ့ကနဲ့ 
ဒီကနေ့ ကွာဟချက်က
ကိုယ်နားလည်ခဲ့ရတဲ့
၂ကျပ်ကွက်တွေ။


၅.
မျက်ရည်ဆိုတာ
နှလုံးအိမ်က စိမ့်ယိုထွက်သော သွေး
စိတ်အနာကို ဆေးတယ်

၆..
မင်းထင်သလောက် ကြောက်စရာမကောင်းဘူး
အစွမ်းမထက်ဘူး။



မှူးဒါရီ





Wednesday, December 23, 2015

ငါ့ရဲ့  စိတ်


ဘုရားသိတယ် 

09:10AM
24th Dec,2015


ငြိမ်းချမ်းပါစေတော့ 
စိတ်ထဲမှာ ဘုရားတည်မယ်
နောက်ဆုံးအချစ် ဖြစ်ပါစေ/ မင်းတွေ့ပါစေ 
ငါ့လိုဒုက္ခ မင်းဝေးပါစေ ။

မှူး








Monday, December 21, 2015

ခင်ဗျား ဦးနှောက်ကြီး ဘာလုပ်ဖို့လဲ


စာလုံးပေါင်းတွေ မှားတယ် 
အဓိပ္ပာယ်တွေ လျှံကျတယ် 
ပိတ်ထားတဲ့ တံခါးရှေ့ မှာမှ ထပျံချင်တယ်
အလကားပဲ 
အသင့်ဖောက်မြောင်းထဲကိုပဲ စီးတယ်
နေပြန်ထွက်လာတယ် 
နေ၀င်သွားတဲ့အထိ ရှက်ရကောင်းမှန်းမသိဘူး
ဘာနဲ့ တည်ဆောက်ထားတယ် ပြောသေးလဲ
ဆောက်တည်ရာမရ  ။ 


မှူးဒါရီ





Wednesday, December 16, 2015

ခေါင်းစဉ်တစ်ခု ပေးလိုက်ပါ


မျက်ရည် ကျတယ်

( Mhu)
06:07AM
16/12/2015 

တစ်ဘ၀မှာ ဘယ်နှစ်ခါ
ဟုတ်တယ်၊ မဟုတ်ဘူးနှင့်.. ဘယ်တော့မှ
ကျယ်လောင်ခြင်းထဲက တိုးလျမှု
မျက်ရည်တစ်စ များလှပြီ
သစ္စာတရား၊ ကံစီမံရာ.. လောင်စာအက်ဆစ်
ဘ၀ရထားကြီး ။ရော့ယူ ..မောင်းထွက်သွား
ငါ့ကိုချန်ခဲ့ ဘယ်လောက်ကြာကြာ
ကိုက်ဖြတ်ခံရသော
မျက်ရည်စလေး စကားပြောတတ်လား
တရွေ့ရွေ့ပဲ လိမ့်ဆင်း နိမ့်ရင်း
ပျော်လား

မှူး


Monday, December 14, 2015

My Diary


If you could feel me,

These days are the hardest.
Doing something what my heart does not desire; is my biggest weakest. My down fall.
Deep in me; there is always a flow. My flow;
Which always wants to move along with my desire.
Not once in my life; I did not feel this much hate for loving a stranger.
Never thought before that this much love could have caused a life this miserable.

I thought my eyes must have spoken. My actions would have shown.
With many of the decisions I made; to run forward to, when I should have run away to the opposite.
Sometimes too loud; from how these words are forming; sometimes too cold.
Sometimes too gentle; from how these silence are growing; sometimes too deadly.
With someone there to hold you close and how you could be still lonely.



(Mhu)
07:22AM
12/15/15


 



Friday, December 11, 2015

My Diary My Soul

If you could feel me;

I woke up hungry. Hungry for the worth of 12hrs. I didn't want to wake up. I didn't want to sit up and think what is next in my life. I would have gone back to sleeping for another 12hrs if I could. But I couldn't. I was hungry. I could not even lay on my right side because my stomach hurt. This  body of mine is nothing but the source of the pain. This heart of mine is even worse ; always reminded me that I am too small for this Queen-sized bed of mine.

Have you ever thought how the junk foods could satisfy your depressed mind while it made you lose control of your body?

Now I was sitting here at the table with a bunch of fast foods in front of me.
Every packages have been unwrapped.
Taken a bite of each. Feeling the bitter taste of the fresh brewed coffee on my tongue. Only When I thought I was feeling a bit better. A little happiness. Then this sadness set in. Have it not been many times by now. I could feel it through all my veins. It was overwhelming. Then I started to sob. Sobbing like I have had held up many in. Sobbing like I was feeling stuck for so long. Sobbing like I was too afraid to continue. Sobbing like;
This life I have here; I do not understand anymore.

( Mhu)
05:08Am
12/12/2015

Thursday, January 15, 2015

စီမထားတဲ့ စာ



င့ါကို မလွတ်သွားအောင် 
အသေအချာ ချည်ထားချင်တယ်
ရေထဲ ငါးကို လွှတ်ပေးလိုက်သမျိုး မဟုတ်ဘူး
စားကျက်ဆီ နွားကို လွှတ်ပေးလိုက်သမျိုး မဟုတ်ဘူး 
လမ်းလျှောက်နေရင်းမှာ
အချိန်မရွေး တစ်ကိုယ်လုံး ကျွံဝင်နိမ့်ဆင်းသွားတော့မလိုလို 
ယုံကြည်မှုနဲ့ ငါက ရန်သူ 
ဒါပေမဲ့ ငါ့ကိုငါချစ်သလိုမျိုး မင်းကိုလည်းငါကချစ်ခဲ့တယ်
ဘ၀မှာ အခါ၁၀၀လောက်မှားဖူးလည်း
သေတဲ့ထိ အမှန်ထင်သွားကြသတဲ့
ရွေးချယ်မှုဟာ ကိုယ်ပိုင်ပစ္စည်းပဲ
ပြောချင်တာက ဒီအခြေအနေကို ကျော်ချင်ရင်
ဒီလမ်းကို မလျှောက်မှ ရမယ် 
ရွေးချယ်မှု တစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့၊
ငါ့ကို ကျော်ချလိုက်တယ် 
မဖြစ်ချင်တာတွေကို ထိုင်ကြည့်နေရတယ် 
မကြည့်ချင်လည်း မျက်စိရှေ့ ကို သူတို့ 
ရောက်ရောက်လာတယ်
ပြန်ထဖို့ အဆင်မပြေတော့လို့ လဲလျက်စမှာ 
မရှိပဲ ကုန်သွားသောစက္ကန့်များ၊ မိနစ်များ
အားသွန်ခွန်စိုက် ကြိုးစားမိတယ်
ဆန္ဒရှိသော တစ်စုံတစ်ရာမှ မြင်ကွင်းထဲတိုးဝင်မလာကြ
အချိန်မရွေး အစားထိုး အရံ၊ 
လူစားလဲလိုက်လို့ရမယ်
နာကျင်နေပါတယ်ဆိုတာ ငါဖွက်ထားတဲ့
ဦးထုပ်ထဲက ယုန်ကျားလေး၊
မျက်လှည့်ပြနေတယ်
"ဟုတ်ကနဲ"ဆို မီးခိုးလုံးကြီး ဖြစ်သွား 
ငါဟာ ငါမဟုတ် 
ငါ ဘာကောင်မှမဟုတ် 
ငါ ဘယ်လောက်မှ အရေးမကြီး 
ခရီးမဆုံးမချင်း မပွင့်ဖူးထိုက်သောပန်းများ (သို့)
ဘယ်တုန်းကမှ တကယ်မရှိသော စိတ္တဇ နာမ်များ

မှူးဒါရီ

Thursday, August 28, 2014



***
ရုံးခန်းထဲ ရောက်ပြီဆိုတာနဲ့ 
ခေါင်းလှုပ်ပြီး ပြုံးနေတဲ့ အဲ့အရုပ်ကလေးဆီ သွားတာပဲ 
ပျော်တယ်လည်း မဟုတ်ဘူး 
မပျော်ဘူးလည်း မဟုတ်ဘူး 
သူ့ ခေါင်းလေး လှုပ်မြဲလှုပ်နေတယ် 
ဘာမဆိုင် ညာမဆိုင် (ကိုယ့်မှာ)ခံစားရတယ် 
စကားလုံးတွေနဲ့ ထိထိမိမိ ပုံဖော်လို့ မရဘူး
နံရံမှာ ပင်အပ်လေးတွေ စိုက်ပြီး၊ ချိတ်ထားတဲ့
ကီးချိန်းတွေ အံဆွဲထဲ ထည့်လိုက်တယ် 
ကွယ်ဝှက်လိုက်တာလည်း မဟုတ်ဘူး 
ပစ်ပြယ်လိုက်တာလည်း မဟုတ်ဘူး 
မြင်ကွင်းထဲ ၀င်မလာဘူး 
ဒါပေမယ့် ရှိနေတယ် 
အသက်ရှူတိုင်း သိနေရတယ် 
အဲ့ဒီလိုမျိုး .. ရင်ထဲ ၀င်ကြည့်ပါ 


မှူးဒါရီ

Saturday, August 16, 2014

အရှင်လတ်လတ်

အရှင်လတ်လတ်

မျက်ရည်အဖြစ်အနဲ့ပဲ စီးကျလာတယ် 
လည်မြိုကိုဖြစ်ဖြစ်
နဖူးတည့်တည့်ကိုဖြစ်ဖြစ်
မညှာမတာ ဓါးနဲ့ဖြစ်ဖြစ်
သွေးအေးအေး သေနတ်နဲ့ဖြစ်ဖြစ်
အခုတော့ အရည်ကို ဆုတ်ချင်
အသားကို နွှာချင် 
အရိုးခိုက်မတတ် 

မျက်နှာမှာပေါ်နေတယ်
အရည်ခွံပဲပါးလွန်းလား 
နာကျင်ခြင်းပဲ ပြင်းလွန်းသလား
မေတ္တာချို ချို့ တဲ့တယ် 
မေတ္တာကို တောင့်တတယ်
အခြေအနေက ဆုံးမရ ပြန်စမရ 

မျက်ရည်အဖြစ်နဲ့ပဲ စီးကျသွားတယ် 
တစ်ချိန်တုန်းက 
တစ်ခါတုန်းက 
ငါ့လိုမျိုး 
နင့်လိုမျိုး
အတိတ်ကလိုမျိုး 
တစ်နေ့နေ့တော့ လည်း
ရှက်စိတ်နဲ့ 

ဝိဥာဉ်တစ်ကောင်လို 
ကိုယ့်အိမ်ထဲက ကိုယ်ထွက်မိမယ်
ချစ်ခြင်းအမှောင်တွေ
အတင်းရုန်းကန်ကျောက်မိတယ်
(အိပ်မက်ဆိုရင်လည်း နိုးပါ)
ဝေဒနာ
ကြမ်းလွန်းလို့ 
ချာချာလည် ။


မှူးဒါရီ

Sunday, June 8, 2014

"ပါးစပ်တွေ အဟောင်းသား ဟ၊ အချစ်ရှိတယ်"



သေးသွယ်မှုန်ဝါးလွန်းသော သွေးကြောမျှင်ဆဲလ်များထဲ
အထက် အောက် စုန်ဆန်စီးဆင်း ပွားများမှု 
ရေလို၊ ဆီလို၊ စိမ့်စမ်းရေလို 
သွဲ့ပျောင်း ခိုင်ခံ့စွာ
မျက်လုံးတွေထဲကတင် မဟုတ် ကျွံထွက်
လောင်ကျွမ်းတယ်
စကားလုံးများမရှိ 
အိပ်ယာမ၀င်ခင်၊ အိပ်ယာထ 
အကျီ င်္အကြေ၊ ဘောင်းဘီအကြေ 
ပြည့်လျှံပြီး ကြွေကျနေတယ် 
အမှိုက်အရသာ 
အမှိုက်အရောင်အဆင်း
အမှိုက်လိုပြုံး ပြီး
ပျော်စရာတွေကို သွန်လိုက်ကြ
သွန်စရာတွေကို ပျော်လိုက်ကြ
အသစ်မလိုချင်ဘူး အဟောင်းမှ အဟောင်း
အသည်းအသန် 
သူ့ အမြစ်က 
သူ့  အကိုင်းအခက်က 
သူ့  သီးပွင့်ခြင်းက 
အသံနောက်ကို စွန့်ပြီး 
ဝေဒနာနဲ့ မမျှ
အချစ်ရှိတယ် ။ 


မှူးဒါရီ

Thursday, May 8, 2014

မိုးရွာနေတယ် စိတ်ကိုလျှော့


မိုးရွာနေတယ်
စိတ်ကိုလျှော့
ခြေတစ်လှမ်းနောက်ဆုတ်တယ်
မိုးမမြင် လေမမြင်ပျော်ခဲ့တယ်
စိတ်ကိုလျှော့
ကိုယ့်အလှည့်ကျ ဘယ်လိုနေမလဲ
စိတ်ပျက်တယ်ဆိုတဲ့ စိတ်ကို ဖျောက်ပစ်တယ်
နှလုံးခုန် ပိုမြန်လာတယ်
မိုးပိုရွာလာတယ်
အမုန်းတရားနဲ့ အသက်ကပြင်းချက်
အချစ်ရေ အချစ်ရေ လို့ အော်လိုက်တယ်
အာကုန်ခြစ်ပြီး အသံက ပျောက်သွားတယ်
နားလည်မှုက တပွင့်ချင်းစီလား
တစ်ပင်လုံးလား
အနံ့ရယ် အရသာရယ် ဘာမှမရှိလည်း
ငါက နာနေတယ် နာပြတယ်
ကော်ဖီတစ်ခွက်ဖျော်ပြီး တစ်ငုံချင်းစီ
ငါ ခံစားရတယ်
စိတ်ကိုလျှော့
မိုးများ ရွာတယ်
မတတ်နိုင်တဲ့အဆုံးကျ မွေ့ယာပေါ် ပစ်လှဲ
လူးလှိမ့် နေလိုက်လို့ရတယ်
ငါ့မှာ မျက်ရည်ရှိတယ်
ငါ့မှာ "ငါ" ရှိသေးတယ်
အချစ်ရေ အချစ်ရေလို့ မြည်တမ်းတယ်
အဖေ့ကို ပြေးမြင်တယ်
ဆေးသောက်ရဦးမယ်
မေတ္တာပို့ရဦးမယ်
ဂစ်တာကို သတိရတယ်
လက်ဖျားထိပ်ကလေးတွေဆီကလာတဲ့
စူးကနဲ စူးကနဲကို သတိရတယ်
ဘာလို့များ ဝေဒနာတွေကိုမှ တသသ
မိုးက မိုးလင်းကတည်းက ရွာနေတယ်
ဘာမှ မတတ်နိုင်ဘူးဆိုတာ
ချစ်တယ်လို့ စိတ်ကိုလျှော့
ပြီးမှ ပျော်အောင်နေ


မှူးဒါရီ

Wednesday, January 22, 2014

A fallen

I fall.
Endless Pit is me.
Dirty blood flows me.
That knife in your eyes is sharp.
cut me.
So to clean me.

I fall.
Too much love inside.
Uselessness had driven me.
That flame holding in your hands seems dying.
End it.
So to end me.

I fell.
A fallen.
No grace.
At your feet.
Dark me. Black me. Shame me.
Riot me.
So to save me.

I fall.

Mhu Darye